၁၆ ကြိမ်တိတိ လက်ကိုင်ဖုန်း ခိုးမှု ကျူးလွန်သူတွေကို ဖမ်းမိ
ခိုးမှုကျူးလွန်ထားတယ်လို့ သတင်းရတာကြောင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နှင်းရေးဌာနစုက တပ်ဖွဲ့ဝင်တွေဟာ လှိုင်သာယာမြို့နယ်နေ မင်းသူရကျော်၊ ပြည့်စုံထွန်း(ခ)ပလပ်၊ ကျော်ဇေယျ(ခ)မိုးဒီ၊ သက်ပိုင်ထွန်း၊ ရဲရင့်မင်းဦး(ခ)ကိုရဲတို့ ၅ ဦးကို သွားရောက်ဖမ်းဆီး ရမိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။

