နယ်သာလန်ကျောင်း စာသင်ခန်းတွေမှာ မိုဘိုင်းဖုန်း အသုံးပြုခွင့် ပိတ်ပင်တော့မယ်

5.7.23-yyl-8.jpg

စာသင်နေချိန်မှာ အာရုံပျံ့လွင့်မှု လျော့နည်းစေဖို့အတွက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကစပြီး နယ်သာလန်နိုင်ငံရဲ့ စာသင်ခန်းတွေမှာ မိုဘိုင်းဖုန်း၊ tablet နဲ့ စမတ်နာရီတွေ အသုံးပြုခွင့် ပိတ်ပင်သွားတော့မှာပါ။ ဒစ်ဂျစ်တယ်စကေး သင်ခန်းစာ၊ ကျန်းမာရေးကိစ္စရပ်တွေနဲ့ မသန်စွမ်းသူတွေကိုသာ အဲဒီပစ္စည်းတွေ အသုံးပြုခွင့်ပေးမှာ ဖြစ်ပါတယ်။

” မိုဘိုင်းဖုန်းတွေက လူမှုဘဝမှာ ခွဲမရအောင် ဆက်နွယ်နေပေမဲ့ စာသင်ခန်းတွေနဲ့တော့ မဆိုင်ပါဘူး။ ကျောင်းသား/သူတွေ စာထဲမှာ အာရုံစိုက်ဖို့၊ စာကောင်းကောင်း သင်ယူနိုင်ခွင့်ပေးဖို့ လိုပါတယ်။ သိပ္ပံနည်းကျ သုတေသနပြုလုပ်မှုတွေအရ ဖုန်းတွေက အာရုံပျံ့လွင့်စေတယ်လို့ တွေ့ရပါတယ်။ အဲဒီတော့ ကျောင်းသား/သူတွေကို ဒီအခြေအနေကနေ ကာကွယ်ပေးဖို့ လိုပါတယ်” လို့ ပညာရေးဝန်ကြီး ရောဘတ်ဒစ်ဂရက်ဇ်က ပြောပါတယ်။

နယ်သာလန်ပညာရေးဝန်ကြီးဌာန၊ စာသင်ကျောင်းတွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကြား သဘောတူညီချက်အရ စာသင်ခန်းတွေမှာ မိုဘိုင်းဖုန်း၊ tablet နဲ့ စမတ်နာရီတွေ အသုံးပြုခွင့် ပိတ်ပင်လိုက်တာပါ။

Ref: Mobile phones to be banned from Dutch classrooms next year

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top