ကုလသမဂ္ဂရဲ့ ကမ္ဘာလုံးဆိုင်ရာပြဿနာတွေကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်လမ်းတိုမှာ မာလာလာနဲ့ ဘီယွန်းစေးပါဝင်မယ်

18-9-2020-yyl-008.jpg

မကြာသေးခင်ကမှ ကမ္ဘာ့ကုလသမဂ္ဂက လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ကစလို့ ဆင်းရဲနွမ်းပါးမှုနဲ့ တန်းတူမညီမျှမှုတွေအထိ ကမ္ဘာလုံးဆိုင်ရာပြဿနာတွေကို အခြေခံရိုက်ကူးမယ့် ဇာတ်လမ်းတိုအတွက် နာမည်ကြီးအနုပညာရှင်တွေ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုကွန်ယက်အသိုင်းအဝိုင်းက နာမည်ကြီးပုဂ္ဂိုလ်တွေကို ရွေးချယ်ခဲ့ပါတယ်။ အဲဒီပုဂ္ဂိုလ်တွေထဲမှာ ပါကစ္စတန်တက်ကြွလှုပ်ရှားသူနဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရ မာလာလာလည်း ပါဝင်ပါတယ်။ မာလာလာအပြင် ဘီယွန်းစေးအပါအဝင် နယ်ပယ်အသီးအသီးက နာမည်ကြီးပုဂ္ဂိုလ်တွေလည်း ပါဝင်တာတွေ့ရပါတယ်။

“Nations United Urgent Solutions for Urgent Times” အမည်ရတဲ့ မိနစ် (၃၀) စာဇာတ်လမ်းတိုကို ကမ္ဘာလုံးဆိုင်ရာထုတ်လွှင့်ပြသဖို့အတွက် စီစဉ်ထားပြီး စက်တင်ဘာ၁၉ ရက်နေ့မှာ ကုလသမဂ္ဂရဲ့ YouTube Channel မှာ ပြသသွားမယ်လို့ တနင်္လာနေ့က ကုလသမဂ္ဂက ကြေညာခဲ့ပါတယ်။ ဇာတ်လမ်းတိုမှာ ဂရမ်မီဆုရနာမည်ကျော်အဆိုတော် ဘီယွန်းစေး၊ အဆိုတော် ဘာနာဘွိုင်း၊ အမျိုးသမီးပညာသင်ကြားခွင့်ရရှိရေးလှုပ်ရှားသူ မာလာလာ၊ UN goodwill သံတမန်တွေဖြစ်တဲ့ မင်းသား ဒွန်ချက်ဒလေ၊ မင်းသမီး မစ်ရှဲ ယိုးနဲ့ UNESCO Special Peace Envoy ဖောရတ်စ် ဝှစ်တိတ်ကာ တို့ရဲ့ တင်ဆက်မှုတွေပါဝင်မှာဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါက ဆင်းရဲနွမ်းပါးမှုတွေအဆုံးသတ်ဖို့၊ ကျားမတန်းတူညီမျှမှုရဖို့၊ လူအခွင့်အရေးမြှင့်တင်ဖို့၊ တရားမမျှတမှုတွေကို တိုက်ဖျက်ဖို့၊ ရာသီဥတုပြောင်းလဲမှုတွေတွန်းလှန်ဖို့ လုပ်ငန်းစဉ်တွေကို ခြိမ်းခြောက်နေတဲ့အတွက် ပိုကောင်းတဲ့ကမ္ဘာကြီးတည်ဆောက်ဖို့လိုအပ်တဲ့လှုပ်ရှားမှုတွေကို ဇာတ်လမ်းတိုက ပြသထားတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ကုလသမဂ္ဂရဲ့အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက် နဲ့ ဒုတိယအထွေထွေအတွင်းရေးမှူး အန်မီယာ မိုဟန်မတ်တို့လည်း ဇာတ်လမ်းတိုမှာ ပါဝင်မှာဖြစ်ပါတယ်။ အော်စကာဆုရမင်းသား ဂျူလီယာ ရောဘတ်စ်ကလည်း Radio Broadcastမှာ အစီအစဉ်တင်ဆက်ပေးသွားမယ်လို့ သိရပါတယ်။

Ref: Tribunce “Malala, Beyonce gear up for a special UN film”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top