ရုဘစ်ကုဗတုံးကို အမြန်ဆုံးဖြေရှင်းနိုင်တဲ့ ကမ္ဘာ့ဂင်းနက်စ်စံချိန်ကို အချိန်အကြာကြီးချိုးနိုင်ခဲ့သူ

16.6.2023-yyl-5.jpg

မက်ဇ် ပတ်ခ် ဆိုတဲ့ ကိုရီးယား-အမေရိကန်ကပြားလူငယ်လေးက စက္ကန့်အနည်းငယ်အတွင်း ရုဘစ်ကုဗတုံးကို ဖြေရှင်းနိုင်တဲ့ ကမ္ဘာ့ဂင်းနက်စ်စံချိန်ကို အချိန်အကြာကြီးထိန်းထားပါတယ်။ အခု သူဟာ ၃.၁၃ စက္ကန့်အတွင်း ရုဘစ်ကုဗတုံးကို ဖြေရှင်းနိုင်တဲ့အတွက် ကမ္ဘာ့စံချိန်ချိုးခဲ့ပါတယ်။ ၀.၃၄ စက္ကန့်အကွာနဲ့ သူ့ရဲ့အရင်ကစံချိန်ကို ချိုးပစ်ခဲ့တာပါ။

အသက် ၂၁ နှစ်အရွယ် မက်ဇ်က အသက် ၂ နှစ်အရွယ်မှာ အော်တစ်ဇင်ဖြစ်ခဲ့တာပါ။ သူ့မိဘတွေက ဉာဏ်စမ်း၊ပဟေဠိမျိုးစုံဖြေရှင်းတာပါဝင်တဲ့ Speedcubing အားကစားဝါသနာပါတဲ့ သူ့သားကို ငယ်ငယ်ကတည်းက ပံ့ပိုးအားပေးခဲ့တာပါ။ ကုဗတုံးဖြေရှင်းရတာက မက်ဇ်ကို သူ့ရဲ့စွမ်းရည်တွေသန်မာလာဖို့ ကောင်းတဲ့ကုထုံးဖြစ်တယ်လို့ သူ့မိဘတွေရဲ့ပြောစကားအရ သိရပါတယ်။

မက်ဇ် ကလေးဘဝတုန်းက ကုဗတုံးဖြေရှင်းတဲ့နည်းလမ်းတွေကို သူ့အဖေ မီခီက အရင်ဆုံးသင်ယူခဲ့တာပါ။ နောက်မှ သူ့သားဖြစ်သူကို သင်ပေးခဲ့တာပါ။ အသက် ၁၀ နှစ်အရွယ်မှာ မက်ဇ်က ကောလိပ်ဘွဲ့ရတွေနဲ့ ယှဉ်ပြိုင်ရတဲ့ ကုဗတုံးဖြေရှင်းတဲ့ပြိုင်ပွဲမှာ အနိုင်ရတော့ သူ့မိဘတွေ အံ့အားသင့်ခဲ့ရပါတယ်။

လက်ရှိမှာတော့ မက်ဇ်က ကမ္ဘာ့ဂင်းနက်စ်စံချိန် ၉ ခုကို ကိုင်ဆောင်ထားပါတယ်။ သူ့အရည်အချင်းနဲ့စွမ်းရည်တွေက The Speed Cubers အမည်ရတဲ့ Netflix ဇာတ်ကားကို ရိုက်ကူးဖြစ်စေခဲ့ပါတယ်။ ဒီဇာတ်ကားက မက်ဇ်နဲ့ သူ့ရဲ့ယှဉ်ပြိုင်ဘက် ဖယ်လစ်ခ် ဇမ်ဒက်စ်တို့အကြောင်းပါ။ သူတို့နှစ်ဦးက ၂၀၁၇ ခုနှစ်မှာ ပထမဆုံး အချင်းချင်းယှဉ်ပြိုင်ခဲ့ကြတာပါ။ သူတို့က ယှဉ်ပြိုင်ဘက်တွေဖြစ်ပေမဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိကြပါတယ်။

Ref: Man breaks long-standing world record for fastest time to complete a Rubik’s Cube

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top