ဟမ်ဘာဂါမစားဖူးတဲ့အဘိုးနဲ့အဘွားကို ကိုယ်တိုင်ဟမ်ဘာဂါလုပ်ကျွေးခဲ့သူ

ham1.jpg

တရုတ်ပြည်တောင်ပိုင်းမှာနေထိုင်တဲ့အမျိုးသမီးလေးတစ်ယောက်ရဲ့ အဘိုးနဲ့အဘွားတို့ဟာ သူတို့ရဲ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ဟမ်ဘာဂါရဲ့အရသာကို ခံစားဖူးသွားခဲ့ကြပါပြီ။

Dianxi Xiaoge ဆိုတဲ့အမျိုးသမီးဟာ You Tube မှာ ရိုးရာဟင်းချက်နည်းချန်နယ်တစ်ခုဖွင့်ထားတဲ့သူပါ။ သူတင်ခဲ့တဲ့ ဗီဒီယိုတွေထဲကတစ်ခုမှာ သူ့ရဲ့အိမ်က မြို့ဈေးနဲ့ဝေးကြောင်း၊ ညစာစားဖို့အတွက် မိသားစုကို အပြင်ခေါ်သွားချင်တဲ့အကြောင်း ပြောပြထားတာကို တွေ့ရပါတယ်။

Dianxi ရဲ့ပြောစကားအရ သူ့အိမ်နဲ့ အနီးဆုံးဈေးက ရိုးရာအစားအစာတွေကိုပဲရောင်းတာဖြစ်ပြီး မြို့မှာပဲရောင်းလေ့ရှိတဲ့ဟမ်ဘာဂါဆိုတာကို သူ့ရဲ့အဘိုးအဘွားတွေဟာ တစ်ခါမှမစားဖူးကြဘူးလို့ ဆိုပါတယ်။ ဒါကြောင့် သူကိုယ်တိုင် ဟမ်ဘာဂါလုပ်ကျွေးဖို့ဆုံးဖြတ်ခဲ့ပြီး ကိုယ်ပိုင်စိုက်ခင်းကနေရတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေကိုသုံးလို့ ဟမ်ဘာဂါပြုလုပ်ပေးခဲ့ပါတယ်။ Dianxi ဟာ သူ့ရဲ့အဘိုးနဲ့အဘွားတွေအနေနဲ့ ဟမ်ဘာဂါရဲ့အရသာကို ပထမဆုံးခံစားဖူးစေဖို့ စေတနာ၊ မေတ္တာတွေအပြည့်နဲ့ ပြုလုပ်ပြီး ကျွေးခဲ့တာဖြစ်ပါတယ်။

 

 

အဘိုးနဲ့အဘွားအတွက် Dianxi ဟမ်ဘာဂါလုပ်ကျွေးတဲ့ဗီဒီယိုလေးဟာ ကြည့်ရှုသူတွေရဲ့နှလုံးသားကို ထိရှစေတဲ့အတွက် သြဂုတ်လကစပြီး အခုချိန်ထိ ကြည့်ရှုသူပေါင်း သန်း၂၀၀နီးပါးရှိနေပြီဖြစ်ပါတယ်။

https://bit.ly/2X05PA6

Ref: “Her Chinese Grandparents in the Countryside Only Saw Hamburgers on TV, So She Made Them From Scratch”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top