ခန္ဓာကိုယ်ကိုပါ လောင်းကြေးထပ်ပြီး ရှုံးခဲ့လို့ အိမ်ရှင်ကို ဘဝပုံအပ်ခဲ့တဲ့ အမျိုးသမီး

8-12-2022-yyl-11.jpg

ပိုင်ဆိုင်မှုအားလုံးအပြင် ခန္ဓာကိုယ်ကိုပါ လောင်းကြေးထပ်ခဲ့တဲ့ ဇနီးဖြစ်သူရဲ့ လုပ်ရပ်အတွက် အိန္ဒိယအမျိုးသားက ရဲစခန်းမှာ တိုင်ချက်ဖွင့်ထားပါတယ်။ အမည်မဖော်လိုတဲ့ အမျိုးသားဟာ ဥတ္တာပရာဒက်ရှ်ပြည်နယ်မှာ နေထိုင်သူဖြစ်ပြီး ရာဇစသန်ပြည်နယ်၊ ဂျိုင်ပူရ်မြို့မှာ အလုပ်သွားလုပ်နေသူပါ။ သူဟာ လွန်ခဲ့တဲ့ ၆ လအတွင်း အိမ်ကို ပိုက်ဆံ ပုံမှန်ပြန်ပို့ခဲ့ပေမဲ့ ဇနီးဖြစ်သူကတော့ စုဆောင်းထားခြင်းမရှိဘဲ Ludo ဂိမ်းကို စွဲစွဲလမ်းလမ်း ကစားခဲ့တယ်လို့ ဆိုပါတယ်။

အိန္ဒိယမီဒီယာတွေကတော့ သူ့ဇနီးရဲ့အမည်ကို ရီနုလို့ ဖော်ပြကြပါတယ်။ ရီနုက ကလေး ၂ ယောက် ရှိပါတယ်။ ရီနုဟာ သူတို့ရဲ့အိမ်ပိုင်ရှင်နဲ့ Ludo ဂိမ်း ကစားလေ့ရှိပြီး တစ်နေ့မှာတော့ သူ့ခန္ဓာကိုယ်ကိုပါ လောင်းကြေးထပ်ခဲ့တာပါ။ အဲဒီပွဲမှာ သူ ရှုံးခဲ့လို့ သူ့ကတိအတိုင်း အိမ်ရှင်နဲ့အတူ လိုက်သွားခဲ့တယ်လို့ ဆိုပါတယ်။ ဇနီးဖြစ်သူရဲ့ သတင်းကို ကြားပြီးတဲ့နောက်မှာ ခင်ပွန်းက သူတို့ရဲ့ ကလေး ၂ ယောက်ကို စောင့်ရှောက်ဖို့ အိမ်ကို ပြန်လာခဲ့ရတာပါ။

ရီနုကို ဖုန်းဆက်ပြီး အိမ်ကို ပြန်လာခဲ့ဖို့ ပြောခဲ့ပေမဲ့ ရီနုက ငြင်းဆန်ခဲ့တဲ့နောက် ခင်ပွန်းဖြစ်သူက ရဲစခန်းကို တိုင်ချက်ဖွင့်ခဲ့တာပါ။ ရဲစခန်းကလည်း အိမ်ပိုင်ရှင် အမျိုးသားကို လိုက်လံရှာဖွေပြီး စုံစမ်းစစ်ဆေးမှု လုပ်သွားမယ်လို့ ဆိုပါတယ်။

Ref:Married Mother-of-Two Gambles Herself Away to Landlord


NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top