Game of Thrones ထဲက တိုင်ဝင်လန်နစ္စတာ (TywinLannister)

Tywin-Lannister.jpg

ထင်ရှားသောစကား

“ညစာစားပွဲမှာလူတစ်ဒါဇင်လောက်သတ်တာထက် စစ်ပွဲမှာ လူထောင်သောင်းချီပြီးသတ်တာက ဘာကြောင့်ပိုမြင့်မြတ်လဲ ငါ့ကိုရှင်းပြစမ်းပါ”

Game of Thrones ကို လူတွေအသည်းစွဲကြိုက်နေကြရတဲ့အထဲမှာ ဇာတ်ကောင်တွေဟာ ရည်ရွယ်ချက်ကိုယ်စီရှိပြီး စရိုက်လက္ခဏာပီပြင်တာတွေကြောင့်လည်း ပါပါတယ်။ ဗီလိန်တွေထဲမှာကို မိသားစုကြောင့်မိုက်ရတဲ့သူ၊ အချစ်ကြောင့်မိုက်တဲ့သူ၊ ပင်ကိုစရိုက်ကိုကဆိုးသွမ်းနေတဲ့သူ အမျိုးမျိုးကွဲပြားနေတာပါ။ တိုင်ဝင်လန်နစ္စတာကိုလည်း ဗီလိန်လို့ အများစုကသတ်မှတ်ကြတာကတော့ သူက မိသားစုအကျိုးကလွဲလို့ တခြားဘယ်သူ့ကိုမှ မကြည့်တတ်တဲ့လူတစ်ယောက်မို့ဖြစ်ပါတယ်။

မိသားစုအရေးကလွဲလို့ တခြားမတွေးလို့ အပြင်လူတွေအတွက်တော့ အလွန်အန္တရာယ်များတဲ့သူတစ်ယောက်ပါ

တိုင်ဝင်လန်နစ္စတာဟာလန်နစ္စတာအိမ်တော်နဲ့ Casterly Rock တို့ရဲ့အရှင်သခင်၊ Westro အနောက်ပိုင်းကိုအစိုးရတဲ့သူ၊ ဘုရင်သုံးယောက်ရဲ့ညာလက်ရုံးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့သူပါ။ သားသမီးတွေအနေနဲ့ အမြွှာကလေးနှစ်ယောက်ဖြစ်တဲ့ ဆာဆီ၊ ဂျေမီနဲ့တိုင်ရီယွန်တို့ရှိပါတယ်။

မြေးဖြစ်တဲ့ ဂျော်ဖရီ နန်းတက်လာတဲ့အချိန်မှာဆိုရင် ဘုရင်ဟာ နာမည်ခံသာရှိပြီး တိုင်းပြည်ရဲ့ကိစ္စအရပ်ရပ်က သူ့ခြေသူ့လက်ချည်းပဲ ဖြစ်သွားခဲ့

တိုင်ဝင်ဟာ Westros မှာ အချမ်းသာအကြွယ်ဝဆုံးပုဂ္ဂိုလ်တစ်ယောက်ဖြစ်တဲ့အပြင် ခုနှစ်ပြည်ထောင်လုံးမှာ အာဏာစက်အပြင်းဆုံးလူတစ်ယောက်လို့ ဆိုလို့ရနိုင်မှာပါ။ အထူးသဖြင့် မြေးဖြစ်တဲ့ ဂျော်ဖရီ နန်းတက်လာတဲ့အချိန်မှာဆိုရင် ဘုရင်ဟာ နာမည်ခံသာရှိပြီး တိုင်းပြည်ရဲ့ကိစ္စအရပ်ရပ်က သူ့ခြေသူ့လက်ချည်းပဲ ဖြစ်သွားခဲ့တဲ့အထိပဲ။

မိသားစုအရေးကလွဲလို့ တခြားမတွေးလို့ အပြင်လူတွေအတွက်တော့ အလွန်အန္တရာယ်များတဲ့သူတစ်ယောက်ပါ။ နာမည်ကြီး Red wedding ကို နောက်ကွယ်ကနေ အဓိကကြံစည်သူတစ်ယောက်လည်းဖြစ်ပါတယ်။ သူ့အမြင်မှာတော့ ဒီလုပ်ရပ်ဟာ ယုတ်ညံ့တဲ့အလုပ်မဟုတ်ဘဲ စစ်အောင်နိုင်ပွဲတစ်ခုသာဖြစ်ပါတယ်။

အငယ်ဆုံးကလေးဖြစ်တဲ့ တိုင်ရီယွန်မွေးရင်း မိန်းမဖြစ်သူသေခဲ့တဲ့အတွက် တိုင်ရီယွန်ကို အကောင်းမမြင်ပါဘူး

တိုင်ဝင်ကမိသားစုကိုချစ်ပါတယ်။ ချစ်တာတစ်ဘက်လွန်ပြီး အငယ်ဆုံးကလေးဖြစ်တဲ့ တိုင်ရီယွန်မွေးရင်း မိန်းမဖြစ်သူသေခဲ့တဲ့အတွက် တိုင်ရီယွန်ကို အကောင်းမမြင်ပါဘူး။ တိုင်ရီယွန်က သက်ကြီးပုဖြစ်ပြီး မျက်နှာကလည်းပုံဆိုးပန်းဆိုးဖြစ်နေလို့ အရှက်ရရတဲ့အတွက်ကြောင့် မုန်းတဲ့အထိတောင်ဖြစ်လာပါတယ်။ ဆာဆီနဲ့ဂျေမီတို့ မောင်နှမအချင်းချင်း ဇာတ်လမ်းဖြစ်နေတာကိုလည်း ကောလာဟလတွေနဲ့ သတင်းပြန်ကြားရပေမယ့် သားသမီးချစ်စိတ်နဲ့ မယုံကြည်ခဲ့ဘူး။

ဒါကြောင့်လည်းဆာဆီတို့ ဂျေမီတို့ကို အိမ်ထောင်အသီးသီးချပေးဖို့ကြံတဲ့အခါ ပဋိပက္ခပိုဖြစ်လာပါတယ်။ ဒီထက်ဆိုးတာက….တိုင်ရီယွန်ပေါ်မှာထားတဲ့ အငြိုးစိတ်ကြောင့် မှားယွင်းပြီး အစွပ်စွဲခံထားရတာရိပ်မိပေမဲ့ မကူညီတဲ့အပြင် တိုင်ရီယွန်ရဲ့ချစ်သူဖြစ်တဲ့ ပြည့်တန်ဆာမလေးရှေး (Shae) ကို အိပ်ရာထဲခေါ်သွင်းတာကြောင့်
တိုင်ရီယွန် သတ်သွားတာကိုခံခဲ့ရတာပါ။

သူ့ရဲ့ တစ်ခုတည်းသောအားနည်းချက်ကတော့ မိသားစုနဲ့ပတ်သက်ရင် အာဃာတတွေကြောင့် အမှန်မမြင်နိုင်တာပါပဲ

တိုင်ဝင်ဟာ သိက္ခာတွေ ကတိတရားတွေကို သိပ်ပြီးအလေးထားတတ်သူမဟုတ်ပါဘူး။ မိသားစုကောင်းကျိုး ကိုယ့်ကျိုးကိုပဲ ကြည့်တတ်တဲ့သူပါ။ သူ့လမ်းမှာရှိနေတဲ့ ဘယ်သူကိုမဆို ရှင်းပစ်ဖို့ ဝန်လေးမှာလည်းမဟုတ်ပါဘူး။ သူ့ရဲ့ တစ်ခုတည်းသောအားနည်းချက်ကတော့ မိသားစုနဲ့ပတ်သက်ရင် အာဃာတတွေကြောင့် အမှန်မမြင်နိုင်တာပါပဲ။ ဒီအမှားတစ်ခုအတွက်ကြောင့်လည်း အသက်ပေးခဲ့ရပါတယ်။ ခုနှစ်ပြည်ထောင်မှာ တန်ခိုးအကြီးဆုံးဖြစ်ခဲ့တဲ့လူတစ်ယောက်ဟာ နောက်ဆုံးတော့ သားအရင်းဖြစ်သူရဲ့လက်ချက်နဲ့ ရေအိမ်ထဲမှာပဲ အသက်ပျောက်ခဲ့ရတာပါ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top