နောက်ကျောမှာ လိပ်ခွံပုံစံ အသားပိုကြီးနဲ့ မွေးဖွားလာခဲ့တဲ့ ကလေးလေး

26.4.2023-yyl-iamge-3.jpg

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်က ကလေးလေး မွေးဖွားလာခဲ့တဲ့အချိန် သူ့နောက်ကျောမှာ လိပ်ခွံနဲ့တူတဲ့ အသားပိုတစ်ခုပါလာခဲ့ပါတယ်။ သူ့မိဘတွေဖြစ်တဲ့ ကိတ်လင်နဲ့ တင်မ် မက်ကာလ်လန်တို့က သူ့ကို နင်ဂျာလိပ်လေးလို့တောင် နာမည်ပြောင်ပေးထားပါတယ်။ ၁၉ လသားအရွယ် ဂျိမ်းစ် မက်ကာလ်လန်က ဆရာဝန်တွေတောင် အဖြေရှာမရဖြစ်စေတဲ့ ရှားပါးအရေပြားရောဂါနဲ့ မွေးဖွားလာခဲ့တာပါ။

သူ့ကို ၂၀၂၁ ခုနှစ် ဩဂုတ်လမှာ မမွေးဖွားခင် အာထရာဆောင်းရိုက်တော့လည်း ဘာမှထူးခြားတာမတွေ့ရှိခဲ့တာပါ။ မွေးဖွားပြီးတဲ့နောက် မကြာခင်မှာ ဂျိမ်းစ်ရဲ့ကျောက အသားပိုဟာ ကြီးထွားလာတဲ့အတွက် သူ့မိဘတွေ စိုးရိမ်လာခဲ့ရပါတယ်။ တဖြည်းဖြည်းနဲ့ အသားပိုက မဲလာတဲ့အတွက် စိုးရိမ်လာလို့ ဆရာဝန်ကို ပြကြည့်တော့ စစ်ဆေးစမ်းသပ်မှုမျိုးစုံ လုပ်ခဲ့ရတဲ့အပြင် ရလဒ်ကို သိရဖို့ လနဲ့ချီပြီးလည်း စောင့်ဆိုင်းခဲ့ရပါတယ်။

ဂျိမ်းစ်ရဲ့ကျောက လိပ်ခွံလိုဖြစ်သွားတဲ့ အသားပိုဟာ သူ့ဘဝကို ခက်ခဲစေခဲ့ပါတယ်။ ဘေးစောင်းပြီး အိပ်ခဲ့ရတာပါ။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာတော့ ဂျိမ်းစ်က သူ့ရဲ့ကျောက အသားပိုကို ဖယ်ရှားဖို့ ပထမဆုံးခွဲစိတ်မှု ပြုလုပ်ခဲ့ရပါတယ်။ ခွဲစိတ်မှုမတိုင်ခင် အသားပိုက ကျောရိုး (ဒါမှမဟုတ်) ဦးနှောက်နဲ့ ဆက်စပ်မှုမရှိတာသေချာဖို့အတွက် MRI (သံလိုက်ဓာတ်မှန်) ရိုက်ခဲ့ရပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ အဲဒီအသားပိုက ဘယ်အင်္ဂါအစိတ်အပိုင်းနဲ့မှ မဆက်စပ်တာကို တွေ့ရှိခဲ့ရပါတယ်။ အခုဆို ဂျိမ်းစ်ရဲ့အသားပိုကို ဖယ်ရှားပြီးသွားခဲ့ပါပြီ။

Ref: Real-life Ninja Turtle: This Baby Boy Was Born With A ‘Shell’ On His Back

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top