အမေရိကန်ရွေးကောက်ပွဲအပြီးမှာ တစ်ကျော့ပြန်ခေတ်စားလာခဲ့တဲ့ မိုင်လီ ဆိုင်းရပ်စ်ရဲ့ Party in the USA

10-11-2020-yyl-009.jpg

၂၀၀၉ခုနှစ်က ထွက်ရှိခဲ့တဲ့ အမေရိကန်အဆိုတော်မင်းသမီး မိုင်လီ ဆိုင်းရပ်စ်ရဲ့ Party in the USA ဆိုတဲ့သီချင်းဟာ မကြာသေးခင်ကမှ ပြီးစီးသွားခဲ့တဲ့ သမ္မတရွေးကောက်ပွဲအပြီးမှာ ပရိသတ်တွေကြား ပြန်ခေတ်စားလာခဲ့ပါတယ်။ ဒီသီချင်းက ဆယ်စုနှစ်တစ်စုကျော်မှာ ဂီတဇယားတော်တော်များများမှာ ပါဝင်လာခဲ့ပါတယ်။ ဂျိုး ဘိုင်ဒင်ကို ထောက်ခံအားပေးကြသူတွေက မဲအနိုင်ရပြီးတဲ့နောက် ဂုဏ်ပြုတဲ့အနေနဲ့ ဒီသီချင်းကို သီဆိုနေကြတာကို ဗီဒီယိုရိုက်ထားခဲ့ကြပါတယ်။

“Party in the USA” သီချင်းက iTunes ရဲ့ ထိပ်ဆုံးသီချင်း ၂၀၀ ဇယားမှာ ပြန်လည်ဝင်ရောက်လာခဲ့ပြီး လက်ရှိမှာတော့ ထိပ်ဆုံးသီချင်း ၅၀ မှာ ၄၉ နေရာ ရရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် Spotify မှာလည်း ဒီသီချင်းက ပေါ်လာခဲ့ပြီး ထိပ်ဆုံးသီချင်း ၂၀၀ မှာ ရှိနေပါတယ်။ ဒီသီချင်းကို ၂၀၀၉ခုနှစ်မှာ ထုတ်လွှင့်ခဲ့တဲ့အချိန်တုန်းကတော့ Billboard Hot 100 မှာ နံပါတ် ၂ ချိတ်ခဲ့ပါတယ်။

မိုင်လီ ဆိုင်းရပ်စ်ကိုယ်တိုင်ကလည်း ပင်ဆယ်ဗေးနီးယားပြည်နယ်မှာ ဂျိုး ဘိုင်ဒင် အနိုင်ရတယ်ဆိုတာကို သတင်းဌာနမျိုးစုံက အတည်ပြုခဲ့တဲ့အချိန်မှာ သူ့ရဲ့သီချင်း ခေတ်စားလာတာနဲ့ပတ်သက်ပြီး ပြောခဲ့ပါသေးတယ်။ မိုင်လီက ဘိုင်ဒင်နဲ့ ကားမလာ ဟဲရစ်တို့ရဲ့ဗီဒီယိုတစ်ခုကို မျှဝေရင်းနဲ့ “Now This is a PARTY IN THE USA” ဆိုပြီး တွစ်တာမှာလည်း ဂုဏ်ပြုခဲ့ပါတယ်။ “Party in the USA” သီချင်းက iTunes ဇယားမှာ ပြန်ခေတ်စားလာတဲ့အပြင် သူ့ရဲ့ Remix သီချင်း Midnight Sky ကလည်း iTunes ရဲ့ထိပ်ဆုံးသီချင်း ၂၀၀ မှာ နံပါတ် ၁၃ နေရာမှာ ရောက်ရှိခဲ့ပါတယ်။

Ref: ABCNews “Miley Cyrus’ ‘Party in the USA’ hits charts again after 2020 election”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top