အမျိုးသမီး အယောက်ပေါင်း ၅၈,၀၀၀ သုံးစွဲရာမှာ ကိုယ်ဝန်ရှိတယ်လို့ မှားယွင်းအချက်ပြခဲ့တဲ့ ဆီးစစ်ကိရိယာများ

43504074_2234634526755041_2942963654812762112_n.jpg

တရုတ်ထုတ်လုပ်သူထံမှ ရောင်းချထားတဲ့ “Clear & Simple” ကုန်အမှတ်တံဆိပ်မှ ကိုယ်ဝန်ရှိမရှိ စစ်တဲ့ ဆီးစစ်ကိရိယာတွေက အကြိမ်ပေါင်း ၅၈,၀၀၀ ထိမှားယွင်းပြီးတော့ ကိုယ်ဝန်ရှိပါတယ်ဆိုပြီး မှားယွင်းအချက်ပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကို ဆေးဝါးများနှင့် ကျန်းမာရေးထုတ်ကုန်များ ကြီးကြပ်ရေးအေဂျင်စီ ( The Medicines and Healthcare products Regulatory Agency) က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အခုအခါမှာတော့ ဆေးဝါးနှင့် ကျန်းမာရေးပစ္စည်းတွေ အန္တရာယ် ကင်းမကင်းစစ်ဆေးရတဲ့ အဲဒီအဖွဲ့က ဒီ “Clear & Simple” တံဆိပ်ကို ဝယ်ယူ သုံးစွဲခဲ့ဖူးတဲ့ အမျိုးသမီးတွေကို မိမိဝယ်ယူထားခဲ့သော ကိရိယာကို စစ်ဆေးမှု ပြန်လုပ်ကြဖို့ ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

ဂေါင်ရှောင် ဝမ်ဖို ဇီဝနည်းပညာ (Guangzhou Wondfo Biotech) ကုမ္ပဏီဟာလည်း အခုဆိုရင် သူတို့ ရဲ့ ဆီးစစ်ကိရိယာတွေကို ဈေးကွက်ထဲမှ ပြန်လည်သိမ်းဆည်းနေပြီ ဖြစ်ပါတယ်။ အဲဒီကိရိယာတစ်ခုကို ပေါင်ငွေ ၃-၄ ပေါင်အတွင်းနှုန်းနဲ့ ရောင်းချနေခဲ့တာပါ။

ဂေါင်ရှောင်ပြည်နယ်အခြေစိုက် ဒီ ကုန်ပစ္စည်းထုတ်လုပ်သူကပဲ စက်တင်ဘာလ ၁ ရက်နေ့မှာ အခုလို ကိရိယာတွေက မှားယွင်းဖော်ပြချက်တွေ ဖြစ်ပေါ်နေကြောင်း အသိပေးစာကို ဗြိတိန်နိုင်ငံက တစ်ဆင့် ဖြန့်ဖြူရောင်းချနေတဲ့ ဟက်ပွိုင့် ကုမ္ပဏီ (Healthpoint) ဆီနဲ့ စက်တင်ဘာလ ၇ရက်နေ့တွင် ဆေးဝါးများနှင့် ကျန်းမာရေးထုတ်ကုန်များ ကြီးကြပ်ရေးအေဂျင်စီ (The Medicines and Healthcare products Regulatory Agency) ဆီကို ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ဆီးစစ်ကိရိယာကို ဈေးကွက်ထဲသို့ စတင်ဖြန့်ဖြူးရောင်းချစဉ်ကတော့ ၉၉.၉ရာခိုင်နှုန်း မှန်ကန်ပြီး အဖြေကို ငါးမိနစ်အတွင်း သိရစေမယ်ဆိုပြီး ကြော်ငြာခဲ့တာပါ။ “Clear & Simple” တံဆိပ်ကို အသုံးပြုခဲ့မိသူ အမျိုးသမီးတစ်ဦးက “တအားစိတ်ပျက်ရပါတယ်။ ကျွန်မအမျိုးသားက အရမ်းပျော်နေခဲ့တာလေ။ ကျွန်မတို့နှစ်ယောက်လုံး အချိန်ပြည့် အလုပ်လည်းရှိတယ်။ အပေါင်စာချုပ်နဲ့ ချေးငွေလည်းရှိတယ်။ မိသားစုဘဝ စတင်မယ်ဆို အခုချိန်က အတော်ပဲလေ”။ အင်္ဂလန်နိုင်ငံ ရော်ဆန်ဒယ် ပြည်နယ်မှာနေထိုင်တဲ့ ဒီအမျိုးသမီးဟာ ဆေးရုံမှာ ရှစ်နာရီကြာအောင် သွေးနှင့်ဆီး စစ်ဆေးမှုတွေ ပြုလုပ်ပြီးခါမှ သူ့မှာ ကိုယ်ဝန် တကယ်မရှိမှန်း၊ ကိရိယာက မှားယွင်းပြသခဲ့မှန်း သိလိုက်ရတာပါ။ “သူတို့က ဗူး ပေါ်မှာ ၉၉.၉ရာခိုင်နှုန်း မှန်ကန်တယ်လို့ရေးထားတော့ ကျွန်မလည်း မှန်မယ်ထင်တာပေါ့။ ဒီအဖြစ်အပျက် တစ်ခုလုံးက တော်တော်ကြီး စိတ်ပျက် စိတ်ရှုပ်ဖို့ကောင်းပါတယ်။ ကျွန်မတော့ အဲဒီ တံဆိပ်ကို ဘယ်တော့မှ မသုံးတော့ဘူး” လို့ သူကပြောကြားသွားခဲ့ပါတယ်။

Ref: “Thousands of women are falsely told they’re PREGNANT by faulty Clear & Simple tests”

Elsa (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top