မလေးရှားရိုးရာဝတ်စုံနဲ့ မာရသွန်ပြီးမြောက်ခဲ့တဲ့ အမြန်ဆုံးမာရသွန်အပြေးသမားအဖြစ် ကမ္ဘာ့ဂင်းနက်စ်စံချိန်ချိုးခဲ့သူ

5.5.2023-yyl-1.jpg

အသက် ၃၆ နှစ်အရွယ် မလေးရှားအမျိုးသားတစ်ဦးက ရိုးရာဝတ်စုံနဲ့ မာရသွန်ပြီးမြောက်ခဲ့တဲ့ အမြန်ဆုံးအပြေးသမားအဖြစ် ကမ္ဘာ့ဂင်းနက်စ်စံချိန်တင်ခဲ့ပါတယ်။ အပြေးနည်းပြနဲ့ မာရသွန်အပြေးသမားဖြစ်တဲ့ မိုဒ် ဆာရာဟီဒန် အက်လီရက်ဟာ ဧပြီ ၂၃ ရက်နေ့က ဗြိတိန်မှာ ကျင်းပခဲ့တဲ့ လန်ဒန်မာရသွန်ပြိုင်ပွဲမှာ အခုလို စံချိန်ချိုးနိုင်ခဲ့တာပါ။

သူဟာ ၂ နာရီ ၄၉ မိနစ် ၂၂ စက္ကန့်အချိန်အတွင်းမှာ ၄၂.၂ ကီလိုမီတာမာရသွန်ပြိုင်ပွဲကို ပြီးမြောက်ခဲ့တာပါ။ မာရသွန်ပြိုင်ပွဲမှာ ဝတ်ဆင်ခဲ့တဲ့ ရိုးရာဝတ်စုံကို မလေးရှားဖက်ရှင်အမှတ်တံဆိပ် Bulan Bintang က စပွန်ဆာပေးခဲ့တာပါ။

သူ့ရဲ့ပရောဂျက်အဖွဲ့ကလည်း သူ့ရဲ့မာရသွန်ပြိုင်ပွဲခရီးစဉ်ကို “Bulan Bintang Road to London: Make Baju Melayu Great Again” အမည်နဲ့ မှတ်တမ်းတင်ရိုက်ကူးခဲ့ပါတယ်။ အဲဒီမှတ်တမ်းမှာ မိုဒ် ဆာရာဟီဒန် မာရသွန်အတွက်ပြင်ဆင်တာ၊ ပြိုင်ပွဲနေရာသွားတာ၊ ကမ္ဘာ့ဂင်းနက်စ်စံချိန်ချိုးဖို့ကြိုးစားတာတွေပါဝင်ပါတယ်။

မိုဒ် ဆာရာဟီဒန်က အခုကမ္ဘာ့ဂင်းနက်စ်စံချိန်အပြင် ၃ နာရီအတွင်း ကမ္ဘာ့မာရသွန်ပြိုင်ပွဲ ၆ ခုကို ပြီးမြောက်ခဲ့တဲ့ ပထမဆုံးမလေးရှားလူမျိုးလည်းဖြစ်ပါတယ်။ သူဟာ ၂၀၁၈ ခုနှစ်တုန်းကလည်း Blackmores Sydney Running Festival Australiaမှာ နိုင်ငံတော်အလံဝတ်စုံနဲ့ မာရသွန်ပြေးခဲ့တဲ့ အမြန်ဆုံးမာရသွန်အပြေးသမားအဖြစ်လည်း ကမ္ဘာ့ဂင်းနက်စ်စံချိန်ချိုးခဲ့ပါသေးတယ်။

Ref: M’sian man, 36, finishes marathon in baju Melayu in 2 hrs 49 mins 22 sec, sets Guinness World Record

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top