မစ္စစ္စပီပြည်နယ်မှာ ကျောင်းဖွင့်တဲ့ ပထမပတ်မှာတင် ကျောင်းသား (၁၀၀) ကျော် Quaratine ခံယူခဲ့ရ

7-8-2020-yyl-014.jpg

မစ္စစ္စပီပြည်နယ်က ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျောင်းတွေကို အချိန်အကြာကြီး ပိတ်ထားပြီးတဲ့နောက်မှာ ပြီးခဲ့တဲ့အပတ်က ပြန်ဖွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ကျောင်းပြန်ဖွင့်ပြီး (၁) ပတ်မှာပဲ ကျောင်းသား (၁) ဦးမှာ COVID-19 ရောဂါပိုးတွေ့ရှိခဲ့ရတဲ့အတွက် အခုဆိုရင် ကျောင်းသူ/သား (၁၀၀) ကျော် Quaratine ခံယူထားရတယ်လို့ သိရပါတယ်။

ဇူလိုင်လ ၂၇ ရက်နေ့ ကျောင်းပြန်ဖွင့်ပြီးကတည်းက အခုဆိုရင် ကျောင်းမှာ ရောဂါပိုးတွေ့ရှိသူ အရေအတွက်က ကျောင်းသား (၆) ဦးနဲ့ ဝန်ထမ်း (၁) ဦးအထိ ရှိလာခဲ့ပြီလို့ Corinth School District ကကြေညာခဲ့ပါတယ်။ Corinth ခရိုင်ရဲ့မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းတွေမှာ ရောဂါပိုးတွေ့နေရတာဖြစ်ပါတယ်။ မနေ့ကတော့ Corinth ခရိုင်ရဲ့ပြောရေးဆိုခွင့်ရှိသူ တေလာ ကွန်ဘ် (Taylor Coombs) က ကျောင်းသား/ သူ (၁၁၆) က (၂) ပတ်တာ Quaratine ခံယူနေပြီး အဲဒီကျောင်းသား/သူတွေက ရောဂါပိုးတွေ့ရှိခဲ့ သူကျောင်းသားနဲ့ အနီးကပ်ထိတွေ့ခဲ့တယ်လို့ ယူဆထားရတဲ့သူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ကျောင်းပြန်ဖွင့်တာကို ပြောင်းလဲပစ်ဖို့အစီအစဉ်မရှိတဲ့ ဒီခရိုင်မှာ ကျောင်းသား/သူ ဦးရေ (၂၇၀၀) ရှိပါတယ်။ အိမ်မှာ Quarantine ခံယူနေတဲ့ ကျောင်းသား/သူတွေက ကျောင်းမတက်ရသလို ကျောင်းနဲ့ပတ်သက်တဲ့လှုပ်ရှားမှုတွေမှာလည်း ပါဝင်ရမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒစ်ဂျစ်တယ်နည်းပညာနဲ့ ကျောင်းစာတွေကို သင်ယူရဖို့တော့ မျှော်လင့်ရပါတယ်။
ကျောင်းပြန်မဖွင့်ခင်မှာတောင် အိမ်ကနေ စာလေ့လာနိုင်မယ့်အခွင့်အရေးကို ကျောင်းသားမိဘတွေကို ပေးထားပြီးသားဖြစ်ပါတယ်။ ဒါပေမဲ့ ကျောင်းပြန်ဖွင့်ပြီး ကျောင်းမှာ စာသင်ယူနိုင်မယ့်အစီစဉ်ဖြစ်သွားခဲ့တယ်လို့ တေလာက ပြောပါတယ်။ ကျောင်းက ရောဂါပိုးတွေ့ရှိတဲ့လူနာတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်အသစ်တွေကို ကျောင်းသားမိဘတွေ သိရဖို့အတွက် ဖေ့စ်ဘွတ်ခ်မှာ နေ့စဉ်တင်ပေးနေပါတယ်။

ဒါ့အပြင် ကျောင်းထဲဝင်တဲ့အခါမှာလည်း ကျောင်းသား/သူတွေနဲ့ ဝန်ထမ်းတွေကို အပူချိန်တိုင်းတာခြင်းကို နေ့တိုင်းလုပ်ဆောင်ပေးနေတယ်လို့ ပြောပါတယ်။ အာဏာပိုင်တွေကလည်း မိဘတွေကို ကလေးတွေ ကျောင်းမသွားခင်မှာ တစ်နေ့တာကျန်းမာရေးစစ်ဆေးပေးတာတွေလုပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ Corinthခရိုင်က သူတို့ရဲ့ဘေးကင်းလုံခြုံရေး စီမံချက်တွေနဲ့ ရောဂါရှာဖွေရေးနည်းစနစ်တွေက နောက်ထပ်ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ကာကွယ်ဖို့ လုံလောက်မယ်လို့ ယုံကြည်ထားပါတယ်။

မစ္စစ္စပီပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ (၆၃၄၄၄) ရှိပါတယ်။ ကျောင်းနဲ့ပတ်သက်ပြီး မစ္စစ္စပီပြည်နယ်မြို့တော်ဝန် တိတ် ရိဗ် (Tate Reeves) ကတော့ “ဖြစ်နိုင်သမျှ ဘယ်အချိန်မှပဲဖြစ်ဖြစ် ပြည်တွင်းကျောင်းခေါင်းဆောင်တွေကို သူတို့ရဲ့ကျောင်းအတွက် အကောင်းဆုံးအစီအစဉ် ချမှတ်ဖို့ ကျွန်တော် ခွင့်ပြုသွားမှာပါ”လို့ ပြောပါတယ်။ ကျောင်းတွေမှာ ကျောင်းသား/သူတွေနဲ့ ဆရာ၊ ဆရာမတွေကို Mask တွေ မဖြစ်မနေဝတ်ဆင်ရမယ်လို့လည်း တိတ် ရိဗ်က ကြေညာခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်အဖြစ်များတဲ့ ကောင်တီတွေမှာ Grade 7 -12 အတွက် စာသင်နှစ်စတင်ဖို့ကို တိတ်ရိဗ်က ဆိုင်းငံ့ပေးထားပါတယ်။

ခရိုင်တော်တော်များများက ၂၀၂၀-၂၀၂၁စာသင်နှစ်အတွက် ဘယ်လိုစီစဉ်ရမလဲ သေချာမဆုံးဖြတ်ရသေးပါဘူး။ ကိုရိုဗိုင်းရပ်စ်ပိုးတွေ့လူနာ ရှိလာပြီးတဲ့နောက်မှာ တချို့ခရိုင်ကျောင်းတွေက ကျောင်းသား/သူတွေကို အိမ်ကို ပြန်ပို့ပေးခဲ့ပြီး တချို့ကတော့ ကျောင်းတတ်ပြီး အတူတကွ စာသင်ယူတာကို ဖျက်သိမ်းလိုက်ပါပြီ။

Ref: CBSNews “Over 100 students forced to quarantine after first week of school in Mississippi town”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top