Billboard ဇယားမှာ နေရာတစ်ခုရလာတဲ့ ငါးမန်းသားလေး ဒူ ဒူ ဒူ (Baby Shark Doo Doo Doo)

49949690_1254058221412588_7807244598362767360_n.jpg

Baby Shark Doo Doo ဆိုတဲ့ သီချင်းကို ကလေးငယ်တွေရှိတဲ့မိသားစုတော်တော်များများက ကြားဖူးနေကြမှာပါ။ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ခဏခဏတွေ့ရတဲ့အပြင် Billboard Hot 100 chart မှာလည်း နံပါတ် ၃၂ နေရာမှာလည်း ဒီသိချင်းက ဝင်ခဲ့ပါသေးတယ်။ ဒီသီချင်းကို စတင်ဖြန့်ခဲ့တဲ့ တောင်ကိုရီးယားပညာရေးသင်ထောက်ကူ ကုမ္ပဏီ SmartStudy ကတော့ ကမ္ဘာ့ထိပ်တန်းဂီတပညာရှင်တွေနဲ့ တန်းတူ Billboard ဇယားမှာ ဖော်ပြခြင်းခံလိုက်ရတာပါ။

“Baby Shark က သံစုံသီဆိုရတဲ့ စာသားပေါ်မှာ အခြေခံထားပြီး YouTube ပေါ်မှာ ကြည့်ရှုသူ ၂ ဒသမ ၁ ဘီလျံ ကျော်ပြီး ကမ္ဘာ့ကြည့်ရှုသူအများဆုံး ဗီဒီယို ၃၀ စာရင်းဝင်ခဲ့တယ်” လို့ Pinkfong က ဆိုပါတယ်။ ပင့်ခ်ဖွန် (Pinkfong) ဆိုတဲ့ နာမည်နဲ့ ကလေးအကြိုက် ဗီဒီယိုပေါင်းထောင်ချီထုတ်လုပ်နေတဲ့ တောင်ကိုရီးယားအခြေစိုက် SmartStudy ကုမ္ပဏီကနေ ဒီသီချင်းကို ၂၀၁၅ နိုင်ဝင်ဘာက YouTube ပေါ်မှာ စတင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ရောသမမွှေပြီး သံစဉ်နဲ့ စည်းချက်အသစ် ထပ်ဖြည့်ခဲ့ပါတယ်။

၂၀၁၆ ဇွန်လမှာ ဖြန့်တဲ့ ဗားရှင်းအသစ်ကိုတော့ ဘာသာစကား ၁၁ မျိုး ကျော် ပုံစံအမျိုး ၁၀၀ ကျော်နဲ့ ဖန်တီးလာကြတယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ ကိုရီးယားကလေးလေးတွေရဲ့ သရုပ်ဆောင်ချက်ကြောင့် ဒီသီချင်းက ပိုပြီးရေပန်းစားလာသလို အရှေ့တောင်အာရှနိုင်ငံအသီးသီးမှာလည်း ပျံ့နှံ့ခဲ့ပါတယ်။

၂၀၁၈ မှာ အမေရိကန်နိုင်ငံထိ ရေပန်းစားခဲ့ပြီး သီချင်းနဲ့အတူလိုက်ကရမယ့် ဗီဒီယိုဖိုင်တင်ဖို့ Challenge တစ်ခုတောင်လုပ်ခဲ့ပါတယ်။ Ellen DeGeneres နဲ့ James Corden တို့က ဒီ challenge မှာ ပါဝင်ခဲ့ကြပါတယ်။ Baby Shark သီချင်းကို နောင်လာမယ့် မျိုးဆက်သစ်တွေထိ တည်တံ့အောင် ထိန်းသိမ်းသွားမယ်လို့လည်း အမေရိကန်က ပင်မ Pinkfong ရဲ့ အမှုဆောင်အရာရှိက ဆိုပါတယ်။

Ref: nytimes “Baby Shark Dooo Dooo Dooo,Billboard Chart Doo Doo Doo”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top