လုံခြုံရေး ဥပဒေသစ်ကို ချိုးဖောက်ရင် ဟောင်ကောင် ဒေသခံတွေ ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ် ခံရနိုင်

1-7-2020-yyl-008.jpg

ဟောင်ကောင်မြို့မှာ နေထိုင်သူတွေအနေနဲ့ တရုတ်အစိုးရက အတည်ပြုပြဋ္ဌာန်းလိုက်တဲ့ အငြင်းပွားဖွယ် လုံခြုံရေးဥပဒေသစ်ကို ချိုးဖောက်ရင် ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်ခံရဖွယ်ရှိနေပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့မှာ အဲဒီဥပဒေ စတင်အကျုံးဝင်ပြီး နာရီအတော်ကြာမှ အသေးစိတ်အချက်အလက်တွေ ထွက်ပေါ်လာခဲ့တာပါ။ ဟောင်ကောင်မြို့မှာ ဆူပူအုံကြွမှုနဲ့ ဒီမိုကရေစီလိုလားတဲ့ လှုပ်ရှားမှုတွေ မြင့်တက်လာခဲ့ပြီးနောက် တရုတ်အစိုးရက လုံခြုံရေးဥပဒေသစ် ပြဋ္ဌာန်းလိုက်တာဖြစ်ပါတယ်။ ဒီဥပဒေသစ်ဟာ ဆန္ဒပြမှုတွေကို တားဆီးဟန့်တားပြီး ဟောင်ကောင်မြို့ရဲ့ လွတ်လပ်ခွင့်တွေကို ထိခိုက်စေနိုင်လိမ့်မယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။ ၁၉၉၇ ခုနှစ်မှာ ဗြိတိန်နိုင်ငံက အထူးသဘောတူညီချက် ရယူပြီး ဟောင်ကောင်မြို့ကို တရုတ်နိုင်ငံထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

အဲဒီသဘောတူညီချက်အရ ဟောင်ကောင်မြို့မှာ နေထိုင်သူတွေဟာ တရုတ်ပြည်မကြီးမှာမရတဲ့ လွတ်လပ်ခွင့်တွေ ရရှိခဲ့ပါတယ်။ ဟောင်ကောင်ခေါင်းဆောင် ကာရီလမ်ကတော့ လုံခြုံရေးဥပဒေသစ်ကို ကာကွယ်သွားခဲ့ပြီး အဲဒီဥပဒေက အမျိုးသားလုံခြုံရေးရဲ့ ဟာကွက်ကို ဖြည့်ဆည်းပေးနိုင်မယ်လို့ ဆိုပါတယ်။ လုံခြုံရေးဥပဒေသစ် ပြဋ္ဌာန်းမှုအတွက် စိုးရိမ်ပူပန်ပြီး ဒေါသထွက်မိတယ်လို့ ဗြိတိန်၊ ဥရောပသမဂ္ဂနဲ့ နေတိုးအဖွဲ့က ပြောပါတယ်။ လုံခြုံရေးဥပဒေသစ် အကျုံးဝင်လာပြီးနောက်မှာတော့ အဲဒီဥပဒေအရ အရေးယူခံရမှာကို စိုးရိမ်တဲ့အတွက် ဟောင်ကောင်မြို့ရဲ့ ဒီမိုကရေစီလိုလားတဲ့အဖွဲ့တွေက သူတို့အဖွဲ့တွေကို စတင်ဖျက်သိမ်းနေကြပါပြီ။ လုံခြုံရေးဥပဒေသစ်အရ တော်လှန်ပုန်ကန်မှု၊ အစိုးရကို ဖြုတ်ချဖို့ လှုံ့ဆော်မှု၊ အကြမ်းဖက်မှု၊ ပြည်ပတပ်ဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေကို အနိမ့်ဆုံးထောင်ဒဏ် ၃ နှစ်ကနေ အမြင့်ဆုံးထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top