လူသားအရွယ်အစားစက်ရုပ်တစ်ရုပ်တင်ဆောင်ထားတဲ့ ဆိုယုဇ်ဒုံးပျံကို ရုရှားနိုင်ငံက လွှတ်တင်ခဲ့ပါတယ်။ သြဂုတ်လ (၂၂) ရက်က ကာဇက်စတန်နိုင်ငံမှာရှိတဲ့ ရုရှားနိုင်ငံပိုင် ဘိုင်ကိုနာဒုံးပျံလွှတ်တင်ရေးစခန်းကနေ လွှတ်တင်ခဲ့တာဖြစ်ပြီး လာမယ့်စနေနေ့မှာ နိုင်ငံတကာအာကာသစခန်းကို ဆိုက်ရောက်မယ်လို့ဆိုပါတယ်။
အရေးပေါ်ကယ်ဆယ်ရေးစနစ်ကိုစမ်းသပ်ဖို့အတွက် Fedor လို့ အမည်ပေးထားတဲ့စက်ရုပ်ကို ဆိုယုဇ်ဒုံးပျံနဲ့အတူ လွှတ်တင်ခဲ့တာပါ။ Fedor စက်ရုပ်ဟာ အမြင့် ၅ ပေ ၁၁ လက်မရှိပြီး အလေးချိန် (၁၆၀) ကီလိုဂရမ် ရှိပါတယ်။ နိုင်ငံတကာအာကာသစခန်းမှာ (၁၀) ရက်ကြာ နေထိုင်တဲ့ကာလအတွင်း Fedor စက်ရုပ်က ဝါယာကြိုးတွေတပ်တာ၊ ဖြုတ်တာ၊ ဝက်အူလှည့်တွေ၊ ဂွင်းဂွတွေ၊ မီးသတ်ဆေးဘူးတွေ အစရှိတဲ့ကိရိယာတွေ အသုံးပြုနိုင်ဖို့ လေ့လာသင်ယူသွားမယ်လို့ ရုရှားနိုင်ငံအာကာသအေဂျင်စီရဲ့ အနာဂတ်စီမံကိန်းနဲ့ သိပ္ပံဒါရိုက်တာ ဘလိုရှန်ကိုက ပြောပါတယ်။
Nz (ရိုးရာလေး)