ဆီးဂိမ်းပြိုင်ပွဲကျင်းပနေတဲ့ ဖိလစ်ပိုင်နိုင်ငံမှာ တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်

yyl-021-1.jpg

ဆီးဂိမ်းပြိုင်ပွဲ ကျင်းပနေတဲ့ ဖိလစ်ပိုင်နိုင်ငံမှာ တိုင်ဖွန်းမုန်တိုင်း ကမ်မူရီ(Kammuri)ဝင်ရောက်တိုက်ခတ်မယ့် အခြေအနေကြောင့် အနည်းဆုံး အားကစားနည်း(၈)မျိုးရဲ့ ပွဲချိန်ဇယား အပြောင်းအလဲဖြစ်ခဲ့ပါတယ်။ ကမ်မူရီမုန်တိုင်းရဲ့ တောင်ဘက်ဗဟိုချက်ကြောင့် မြောက်ပိုင်းဆာမာပြည်နယ်မှာ မိုးသက်လေပြင်း ကျရောက်နေတယ်လို့ ဖိလစ်ပိုင်နိုင်ငံ မိုးလေဝသဗျူရို(PAGASA)ရဲ့ ဒီဇင်ဘာလ ၂ ရက်နေ့ ညနေ ၅ နာရီအချိန် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီဇင်ဘာလ ၃ ရက် နံနက်ပိုင်းကနေ ညနေပိုင်းအထိ လူဇွန်ကျွန်းအလယ်ပိုင်းနဲ့ မြို့တော်မနီလာမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းလိမ့်မယ်လို့ PAGASA က ခန့်မှန်းထားပါတယ်။ အကြိမ်(၃၀)မြောက် ဆီးဂိမ်းပြိုင်ပွဲကို လူဇွန်ကျွန်းပေါ်မှာရှိတဲ့ မနီလာ၊ ကလက်၊ ဆူဘစ် စတဲ့ ဒေသ(၃)ခုမှာ ကျင်းပနေပါတယ်။ ရာသီဥတုဆိုးရွားတဲ့အတွက် သောင်ပြင်ဘောလီဘော၊ ရေလှိုင်းစီး၊ modern pentathlon၊ triathlon/dualthlon၊ ရွက်လှေ/လေလှိုင်းစီး၊ ပန်ကြပ်ဆီလက်၊ မွေထိုင်း၊ ကနူး/ကယက်/ရိုးရာလှေ စတဲ့ အားကစားပြိုင်ပွဲတွေရဲ့ ပွဲချိန်ဇယားကို ရွှေ့ဆိုင်းခဲ့ပါတယ်။

ဒီဇင်ဘာလ ၂ ရက်ကနေ ၄ ရက်ကြား ယှဉ်ပြိုင်မယ့် ရွက်လှေပြိုင်ပွဲနဲ့ လေလှိုင်းစီး ပွဲစဉ်အားလုံးကို ဖျက်သိမ်းခဲ့ပါတယ်။ ရာသီဥတုဆိုးရွားလို့ မနီလာနိုင်ငံတကာလေဆိပ်ကိုလည်း ပိတ်ထားရပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ပျမ်းမျှအားဖြင့် နှစ်စဉ်နှစ်တိုင်း မုန်တိုင်းအလုံး ၂၀ ဝင်ရောက်တိုက်ခတ်လေ့ရှိပါတယ်။ ၂၀၁၃ ခုနှစ်က တိုက်ခတ်ခဲ့တဲ့ စူပါတိုင်ဖွန်းမုန်တိုင်း ဟိုင်ယန်ကတော့ လူသေဆုံးမှုအများဆုံးပါပဲ။ သေဆုံးသူနဲ့ ပျောက်ဆုံးသူ ၇၃၀၀ ကျော် ရှိခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top