တရားထိုင်ခြင်းအလေ့ကို အင်္ဂလန်နိုင်ငံ စာသင်ကျောင်း (၃၇၀) မှာ ကလေးငယ်တွေအတွက် သင်ရိုးပြဌာန်း

c1.jpg

အင်္ဂလန်နိုင်ငံက စာသင်ကျောင်း (၃၇၀) မှာ သတိပဌာန်ကျင့်စဉ် နဲ့ တရားထိုင်ခြင်းအလေ့အထ ကို ကလေးငယ်တွေအတွက် ကျောင်းသုံးသင်ရိုးအဖြစ် ပြဌာန်းပေးလိုက်ပြီပဲဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ဗြိတိန်အစိုးရက (၂၀၂၁) ခုနှစ်အထိ အရှိန်ယူလုပ်ဆောင်နေတဲ့ စိတ်ကျန်းမာရေးလေ့လာမှုအရ တရားဝင်သတ်မှတ်ပေးလိုက်တာပဲ ဖြစ်တယ်လို့ သိရပါတယ်။

ကြွက်သားတွေဖြေလျှော့ခြင်း နည်းစနစ်၊ အသက်ရှူသွင်းရှူထုတ်လုပ်ခြင်း နဲ့ တရားထိုင်ပေးခြင်းနည်းစနစ် စသဖြင့် သတိပဌာန်ကျင့်စဉ်ရဲ့ အကျိုးရလာဒ်အရ ကလေးတွေအတွက် စာသင်ခန်းအတွင်း အာရုံစူးစိုက်မှု ပိုမြင့်မားစေသလို ဆိုးသွမ်းပြီး အချင်းချင်းရန်လိုပြုမူနေတတ်တဲ့၊ မကြားဝံ့မနာသာ ဆဲဆိုနေတတ်တဲ့ ကလေးငယ်တွေဟာလည်း ကိုယ့်ကိုယ်ကိုယ် ပိုပြီးသိနားလည်လာပြီး သတိမူမိလာလို့ ရှုပ်ထွေးများပြားတဲ့ မိမိစိတ်ခံစားမှုတွေကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်ကိုင်တွယ်သွားနိုင်စေတယ်လို့ ဆိုပါတယ်။ နေ့စဉ်ဘဝမှာလည်း သတိအားပိုကောင်းစေဖို့ အထောက်အကူဖြစ်စေတယ်လို့ သိရပါတယ်။

စိတ်လွတ်လက်လွတ်နေတတ်တဲ့ ကလေးငယ်လေးတွေရဲ့ သဘာဝအရ ကိုယ့်စိတ်ခံစားမှုတွေကို သတိနဲ့ ထိန်းချုပ်ကိုင်တွယ်စေဖို့ သင်ကြားပေးရတာဟာ အတန်ငယ်တော့ ခက်ခဲခဲ့ပာတယ်။ သူတို့ကို ကသိကအောက်ဖြစ်စေနိုင်ပေမယ့် ရေရှည်မှာ ပိုပြီးစိတ်ရှင်းကြည်လင်ရှင်းလာစေပြီး စိတ်ဖိစီးမှု နဲ့ စိတ်ဒုက္ခတွေ ပိုပြီးလျော့နည်းလာစေတယ်လို့လည်း စာသင်ကျောင်းတစ်ခုက ဆိုပါတယ်။

နောက်တစ်ချက်အနေနဲ့ အပြစ်လုပ်တဲ့ကလေးတွေကို လူရှေ့သူရှေ့နဲ့ ရွယ်တူအတန်းဖော်တွေရှေ့မှာ အရှက်ရအောင် အပြစ်ပေးမယ့်အစား စိတ်ထိန်းကျောင်းမှု အားကောင်းလာစေဖို့ သတိပဌာန်က ပိုကောင်းမွန်တဲ့အလေ့အကျင့်တစ်ခု အဖြစ်လည်း ယုံကြည်နေကြပါတယ်။

“အသက်ကို အဝကြီးရှူလိုက်ရတယ်။ ခဏလုပ်လိုက်ရတယ်။ မုန့်နည်းနည်းစားရတယ်။ စိတ်နဲ့ ကိုယ် နဲ့ ပြန်ကပ်သွားတယ်။ အခုတော့ တစ်တန်းလုံးကိုပြန်တောင်းပန်ပြီးပါပြီ” လို့ အတန်းဖော်ချင်း တွန်းထိုးဆဲဆိုခဲ့လို့ စိတ်ထိန်းကျောင်းတတ်ဖို့အတွက် တရားထိုင်ရာအခန်းထဲ သတိပဌာန်လေ့ကျင့်ခဲ့ရတဲ့ ကျောင်းသားလေးတစ်ဦးက CNN ကို ပြောပြသွားခဲ့ပါတယ်။

Ref: Trueactivist “Mindfulness And Meditation Will Now Be Part Of The Curriculum In 370 Schools In England”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top