Doctor X ဇာတ်လမ်းတွဲမှာပါဝင်ပြီးနောက် ရှားပါးရောဂါသည်ကလေးတွေအတွက် ဝမ် ၁၀ သန်းလှူဒါန်းဖို့ဆုံးဖြတ်ဖြစ်ခဲ့တဲ့ မင်းသမီး ကင်ဂျီဝန်

actre.jpg

တောင်ကိုရီးယားနာမည်ကြီးမင်းသမီး ကင်ဂျီဝန်ဟာ ရှားပါးရောဂါခံစားနေရတဲ့ ကလေးတွေအတွက် ဆေးကုသစရိတ်တွေကာမိဖို့ ကန်ဒေါ်လာ ၇၁၀၀၀၀ (ဝမ်သန်း ၁၀၀) လှူဒါန်းခဲ့ပါတယ်။

“မင်းသမီး ကင်ဂျီဝန်က ဝင်ငွေနည်းတဲ့လူနာတွေအတွက် ကုန်ကျစရိတ်ထောက်ပံ့ဖို့နဲ့ ဆေးရုံဆောင်ပတ်ဝန်းကျင်တိုးတက်ကောင်းမွန်ဖို့ ဝမ် သန်း ၁၀၀ လှူဒါန်းခဲ့တယ်” လို့ Seoul National University Children’s Hospital က ကြေညာခဲ့တာပါ။

ဂျီဝန်က ဇာတ်လမ်းတွဲအသစ် Doctor X: Age of the White Mafia” ကို ရိုက်ကူးစဉ် ဆေးဘက်ဆိုင်ရာပညာရှင်တွေနဲ့ ရောဂါခံစားနေရတဲ့ ကလေးတွေ ရင်ဆိုင်ရတဲ့ ရုန်းကန်ရမှုတွေအကြောင်း ပိုမိုသိရှိခဲ့ပြီးတဲ့နောက် အခုလိုလှူဒါန်းဖို့ ဆုံးဖြတ်ဖြစ်ခဲ့တာပါ။

“Doctor X ရိုက်ကူးနေချိန်မှာ ပင်ပန်းနွမ်းနယ်စွာ အလုပ်လုပ်နေရတဲ့ ဆေးဘက်ဆိုင်ရာပညာရှင်တွေနဲ့ ရောဂါခံစားနေရတဲ့ကလေးတွေရဲ့အကြောင်းကို အနီးကပ်လေ့လာရပြီးနောက် ဒီလှူဒါန်းမှုလုပ်ဖို့ ကျွန်မ ဆုံးဖြတ်ခဲ့တာပါ။ အကောင်းဆုံးလုပ်ဆောင်နေကြတဲ့ ဆေးဘက်ဆိုင်ရာပညာရှင်တွေနဲ့ ကလေးတွေ၊ သူတို့ရဲ့မိသားစုဝင်တွေကို ကျေးဇူးတင်ကြောင်းနဲ့ ပံ့ပိုးမှုကို ဖော်ပြလိုပါတယ်” လို့ ဂျီဝန်က ပြောထားပါတယ်။

Doctor X မှာ မင်းသမီး ကင်ဂျီဝန်က မိမိထင်ရာကို ပြတ်ပြတ်သားသားလုပ်ဆောင်တတ်တဲ့ Mad dog အဖြစ် ခေါ်ကြတဲ့ ပါရမီရှင်ခွဲစိတ်ဆရာဝန် Gye Soo Jung အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်လမ်းတွဲကို အောက်တိုဘာလမှာ ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။

Ref: Kim Ji Won donates 100 million KRW to children with rare diseases, says ‘Doctor X’ inspired her to give back

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top