ပြည်ပဒိုင်လူကြီးတွေကို လိင်အပျော်အပါး ဝန်ဆောင်မှုပေးခဲ့တယ်ဆိုတဲ့ သတင်းအတွက် တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ် တောင်းပန်

kore.jpg

နိုင်ငံတကာပွဲစဉ်တွေ ကိုင်တွယ်ဖို့ ရောက်ရှိလာတဲ့ ပြည်ပဒိုင်လူကြီးတွေကို လိင်အပျော်အပါး ဝန်ဆောင်မှုပေးခဲ့တယ်ဆိုတဲ့ သတင်းဖော်ပြချက်တွေနဲ့ပတ်သက်ပြီး တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ်က တောင်းပန်ချက် ထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၁ ခုနှစ် မတ်လမှ ၂၀၁၂ ခုနှစ် မတ်လကြားကာလအတွင်း ၂၀၁၄ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေနဲ့ ၂၀၁၂ လန်ဒန်အိုလံပစ် ခြေစစ်ပွဲစဉ်တွေအတွက် တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိလာတဲ့ ပြည်ပဒိုင်လူကြီးတွေကို လိင်အပျော်အပါး ဝန်ဆောင်မှုစရိတ်ပါတဲ့ အနှိပ်ခန်းတွေထံ ပို့ဆောင်ပေးမှု (၇)ကြိမ် ရှိခဲ့တယ်လို့တောင်ကိုရီးယားရုပ်သံလိုင်း JTBC က ဖော်ပြခဲ့တာပါ။

ဒီသတင်းဖော်ပြချက်နဲ့ပတ်သက်ပြီး တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ် (KFA) က အနူးအညွှတ် တောင်းပန်ကြောင်း၊ လက်ရှိအချိန်မှာ အလားတူဖြစ်ရပ်မျိုး ဖြစ်ပွားခြင်း လုံးဝမရှိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

Ref: Soccer South Korea association apologises over ‘sexual services’ allegations

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top