အင်္ဂလန်ဘဏ်မှာ အပ်ထားတဲ့ ရွှေတွေရဲ့ တန်ဖိုးငွေကို ထုတ်ပေးဖို့ ဗင်နီဇွဲလားဗဟိုဘဏ်က ဥပဒေကြောင်းအရ ရင်ဆိုင်

19-5-2020-yyl-033.jpg

အင်္ဂလန်ဘဏ်မှာ အပ်နှံထားတဲ့ ယူရိုသန်း ၉၃၀ တန် ရွှေတွေကို ပြန်ထုတ်ယူခွင့်ရရှိဖို့ ဗင်နီဇွဲလားနိုင်ငံ ဗဟိုဘဏ်က ဥပဒေကြောင်းအရ ရင်ဆိုင်နေပါတယ်။ အမေရိကန်နိုင်ငံရဲ့အရေးယူပိတ်ဆို့မှုတွေကြောင့် အခက်တွေ့နေတဲ့ ဗင်နီဇွဲလားနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တိုက်ဖျက်ရာမှာ အဲဒီရွှေတွေကို အသုံးပြုချင်တယ်လို့ ဆိုပါတယ်။ အပ်နှံထားတဲ့ ရွှေတွေကို ပေါက်ဈေးအတိုင်း ဈေးဖြတ်ပြီး တန်ကြေးငွေကို ကုသလမဂ္ဂရဲ့ ဖွံ့ဖြိုးရေးစီမံကိန်း(UNDP)ထံ လွှဲပြောင်းပေးဖို့ ပြီးခဲ့တဲ့သီတင်းပတ်တွေမှာ ဗင်နီဇွဲလားနိုင်ငံက မေတ္တာရပ်ခံခဲ့ပြီး အခုအခါမှာတော့ ဥပဒေကြောင်းအရ ရင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

အစားအစာနဲ့ ဆေးဝါးလို အထောက်အပံ့ပစ္စည်းတွေ ဝယ်ယူဖို့အတွက် ရွှေတန်ဖိုးငွေတွေကို အမြန်ဆုံးလွှဲပြောင်းပေးစေချင်တယ်လို့ ဗင်နီဇွဲလားဗဟိုဘဏ်ရဲ့ တရားရေးမှတ်တမ်းတွေမှာ ရေးသားထားပါတယ်။ ဗင်နီဇွဲလားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၆၁၈ ယောက် ရှိနေပြီး လူ ၁၀ ယောက် သေဆုံးခဲ့ပါတယ်။ ဗင်နီဇွဲလားသမ္မတ မာဒူရိုရဲ့ ဦးဆောင်မှုအောက်မှာ ဗင်နီဇွဲလားနိုင်ငံရဲ့ စီးပွားရေးပြိုလဲခဲ့ပြီး ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတွေအပါအဝင် နိုင်ငံတော်တော်များများက သူ့ကို သမ္မတအဖြစ် အသိအမှတ် မပြုပါဘူး။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top