မြန်မာနိုင်ငံမှာ UNDER ARMOUR ရဲ့ ပထမဆုံးဆိုင်ခွဲ ဖွင့်လှစ်

under01.jpg

ကမ္ဘာကျော်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Under Armour ရဲ့ အားကစားအဝတ်အစား၊ ဖိနပ်နဲ့ အသုံး အဆောင်ပစ္စည်းအရောင်းဆိုင်ခွဲကို မြန်မာပလာဇာဈေးဝယ်စင်တာ မြေညီထပ်မှာ မြန်မာ နိုင်ငံရဲ့ ပထမဆုံးဆိုင်ခွဲ အဖြစ် စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။ Under Armour ရဲ့ ပထမဆုံးဆိုင်ခွဲဖွင့်ပွဲကို ဇန်နဝါရီ ၁၈ ရက်၊ မွန်းလွဲပိုင်းက မြန်မာပလာဇာ Promotion Area မှာ ကျင်းပခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံက ထင်ရှားကျော်ကြားတဲ့ အားကစားသမားတွေအပြင် ရုပ်ရှင် သရုပ်ဆောင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

”Under Armour က နိုင်ငံတကာမှာ နာမည်ရပြီးသားဖြစ်ပါတယ်။ မြန်မာနိုင်ငံက အားကစားသမား တွေနဲ့ ကျန်းမာရေး လိုက်စားတဲ့ သူတွေအတွက် ထူးခြားမှုတွေ၊ ပံ့ပိုးမှုတွေ ပေးနိုင်တယ် ဆိုတာကို ပြသနိုင်ဖို့ မျှော်လင့် ပါတယ်”လို့ Triple Pte Ltd ရဲ့ CEO ဖြစ်သူ Michael Binger က ပြောပါတယ်။ အဲဒီဆိုင်ခွဲကို အရှေ့တောင်အာရှဒေသတွင်းမှာ Under Armour အမှတ် တံဆိပ်ကို တရားဝင်ဖြန့်ဖြူး ရောင်းချခွင့်ရရှိထားတဲ့ Triple Pte Ltd နဲ့ မြန်မာနိုင်ငံရဲ့ အဝတ်အထည်လက်လီရောင်းချရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ MK Fashion တို့ ပူးပေါင်းပြီးဖွင့်လှစ်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အားကစားနဲ့ လေ့ကျင့်ခန်းအပိုင်းက အတော်လေးတိုးတက်လာနေပြီးတော့ အားကစား လုပ်တဲ့သူတွေ၊ လေ့ကျင့်ခန်းလုပ်တဲ့သူတွေ၊ ဂျင်ဆော့တဲ့သူတွေ အရေအတွက်ဟာ တဖြည်းဖြည်း များလာတာကို တွေ့မြင်ရတယ်လို့လည်း Michal Binger က ဆိုပါတယ်။ Under Armour ဟာ RUSH, HOVR, Vanish Seamless, HeatGear ကဲ့သို့သော ဆန်းသစ် တီထွင် ထားတဲ့ အဆင့်မြင့်နည်းပညာသုံး အားကစားဖိနပ်များနှင့် အားကစားအဝတ်အထည်အမျိုးအစားအစုံအလင်ကို ထုတ်လုပ်ရောင်းချနေတဲ့ အမှတ်တံဆိပ်ဖြစ်ပါတယ်။

Under Armour ရဲ့ ရုံးချုပ်က Maryland, Baltimore မှာတည်ရှိပြီး အရှေ့တောင်အာရှတွင်း တရားဝင် ဖြန့်ဖြူးရောင်းချခွင့်ကိုတော့ Triple Pte Ltd ကုမ္ပဏီကို ပေးအပ်ထားတာ ဖြစ်ပါ တယ်။ လက်ရှိ အရှေ့တောင်အာရှဈေးကွက်အတွင်းမှာ ဆိုင်ခွဲပေါင်း ၅၁ ဆိုင်ကို ဖွင့်လှစ်ထားပြီးတော့ လက်လီ လက်ကားဖြန့်ဖြူးရောင်းချမှုများကို ဆောင်ရွက်လျက်ရှိတဲ့အပြင် ဈေးကွက် ထပ်မံချဲ့ထွင်ဖို့လည်း ရှိနေပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top