ဒေါ်နယ်ထရမ့်ကို စိတ်မနှံ့တဲ့ဦးလေးကြီးလို့ အိုဘားမား ပုတ်ခတ်၊ တွက်ကိန်းမှားခဲ့တဲ့ အိုဘားမားလို့ ဒေါ်နယ်ထရမ့် တုံ့ပြန်

22-10-2020-yyl-035.jpg

ဂျိုးဘိုင်ဒင်အတွက် မဲဆွယ်ပေးနေတဲ့ အမေရိကန်သမ္မတဟောင်း အိုဘားမားနဲ့ လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်တို့ကတော့ နိုင်ငံရေးစုဝေးပွဲမှာ အပြန်အလှန် ပုတ်ခတ်ခဲ့ကြပါတယ်။ ပင်ဆယ်ဗေးနီးယားပြည်နယ်က နိုင်ငံရေးစုဝေးပွဲမှာ အိုဘားမားက ဒေါ်နယ်ထရမ့်ကို စိတ်မနှံ့တဲ့ဦးလေးကြီး၊ လူမျိုးရေးခွဲခြားသူတွေကို ထောက်ခံအားပေးနေသူလို့ ထိုးနှက်ခဲ့ပါတယ်။

” ဂျိုးဘိုင်ဒင် အနိုင်ရခဲ့ရင်တော့ မထောက်ခံသူမှန်သမျှကို ပုတ်ခတ်စော်ကားပြီး ထောင်ချမယ်လို့ ခြိမ်းခြောက်တဲ့ သမ္မတမျိုး ကြုံရမှာမဟုတ်ပါဘူး။ အဲဒီပုံစံက သမ္မတတစ်ယောက်ရဲ့ ပုံမှန်အပြုအမူမဟုတ်ပါဘူး”လို့ အိုဘားမားက ပြောခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ကတော့ ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ အိုဘားမား တွက်ကိန်းမှားခဲ့တာကို ထောက်ပြဝေဖန်ခဲ့ပါတယ်။ ၂၀၁၆ သမ္မတရွေးကောက်ပွဲမှာ ဟီလာရီကလင်တန် ဝင်ပြိုင်ရင် ဒေါ်နယ်ထရမ့်ကို အနိုင်ရနိုင်ခြေ ပိုများတယ်လို့ ယူဆခဲ့တဲ့ အိုဘားမားက သူ့ရဲ့ ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒင်ကို နောက်ဆုတ်ပေးဖို့ တိုက်တွန်းခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ်။

” လူလိမ်မကြီး ဟီလာရီကလင်တန်အတွက် အိုဘားမားထက်ပိုပြီး မဲဆွယ်စည်းရုံးပေးသူ မရှိဘူးလေ။ ဟုတ်တယ်မလား။ သူက နေရာအနှံ့ခြေဆန့်ခဲ့တယ်။ အဲဒီရွေးကောက်ပွဲညမှာ ဟီလာရီကလင်တန်ထက် ပိုပြီးစိတ်မချမ်းမြေ့ခဲ့ရသူကတော့ ဘားရက်ဟူစိန်အိုဘားမားပဲဖြစ်မယ်လို့ ကျွန်တော် ထင်ပါတယ်” လို့ ဒေါ်နယ်ထရမ့်က ပြောခဲ့ပါတယ်။

အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ မဲပေးမယ့်သူတွေအနေနဲ့ ဒေါ်နယ်ထရမ့်ရဲ့ အထူးပြန်လည်ထူထောင်ရေးကို ရွေးချယ်မလား၊ ဂျိုးဘိုင်ဒင်ရဲ့ တဟုန်ထိုးကျဆင်းမှုကို ရွေးချယ်မလားဆိုတာ ဆုံးဖြတ်ကြပါလို့ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ကြိုတင်မဲပေးမှုတွေ စံချိန်တင်မြင့်တက်ခဲ့ပြီး လက်ရှိအချိန်အထိ စာတိုက်မဲ ဒါမှမဟုတ် ကိုယ်တိုင်ကိုယ်ကျသွားရောက်မဲပေးခဲ့တဲ့ ကြိုတင်မဲပေးမှု ၄၂ သန်းအထိ ရှိနေပါတယ်။

Ref: BBC ” US Election 2020: Trump and Obama lock horns in rival rallies”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top