ညစာစားပြီးနောက် လမ်းလျှောက်ခြင်းရဲ့ကျန်းမာရေးအကျိုးကျေးဇူးများ

11-8-2021-yyl32.jpg

တစ်နေ့တာဘဝမှာ ကျွန်တော်တို့တွေအားလုံးက အရမ်းအလုပ်များကြပါတယ်။ သင့်တင့်တဲ့ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်ဖို့လည်း အချိန်မပေးဖြစ်ကြပါဘူး။ အဲဒါရဲ့အကျိုးဆက်က ကျွန်တော်တို့ရဲ့ကျန်းမာရေးပေါ်မှာ သက်ရောက်လာနိုင်ပါတယ်။ ပုံမှန်လေ့ကျင့်ခန်းအလုပ်နိုင်ဘူးဆိုရင် ညစာစားပြီးတဲ့နောက်မှာတော့ အနည်းငယ် လမ်းလျှောက်ပေးနိုင်ပါတယ်။ ညစာ စားပြီးနောက် လမ်းလျှောက်တာက အိပ်ချိန်နဲ့ညစာကြာ အချိန်ကွာဟမှုကို တိုးမြှင့်ပေးပါတယ်။ နောက်ထပ် ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း ရှိပါသေးတယ်။ အဲဒါတွေကတော့

အစာခြေစနစ်အားကောင်းစေတယ်

ညစာစားပြီးနောက် လမ်းလျှောက်တာ သင့်ခန္ဓာကိုယ်က စုပ်ယူထားတဲ့ အာဟာရဓာတ်တွေ အစာအိမ်က လက်သင့်ခံနိုင်ဖို့အတွက် အင်ဇိုင်းဓာတ်တွေကို ပိုပြီး ထုတ်လွှတ်စေပါတယ်။ ဒါက အစာချေစနစ်အားကောင်းစေပြီး လေအောင့်တာ၊ ဝမ်းချုပ်တာတွေမဖြစ်အောင် လျော့ချပေးပါတယ်။ အခြားအစာအိမ်ပြဿနာတွေကနေလည်း သက်သာအောင် ကူညီပေးနိုင်ပါတယ်။

ဇီဝဖြစ်စဉ်အားကောင်းစေတယ်

ဇီဝဖြစ်စဉ်အားကောင်းစေဖို့အတွက် အလွယ်ကူဆုံးနည်းလမ်းတွေထဲကတစ်ခုက ညစာ စားပြီးပြီးချင်း မလဲလျောင်းဘဲ လမ်းခဏလျှောက်ပေးတာပါပဲ။ ဒါက ကယ်လိုရီတွေကို ပိုမိုလောင်ကျွမ်းအောင်လည်း ကူညီပေးပါတယ်။ ကိုယ်အလေးချိန်ထိန်းနေရတဲ့သူတွေအတွက် ဒါက အကူအညီဖြစ်စေနိုင်ပါတယ်။

ကိုယ်ခံအားစနစ်ကောင်းစေတယ်

ညစာစားပြီးနောက် လမ်းလျှောက်တာက ခန္ဓာကိုယ်ကနေ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ဒါက အတွင်းပိုင်းအင်္ဂါအစိတ်အပိုင်းတွေကို ကောင်းကောင်းလုပ်ဆောင်စေပြီး ကိုယ်ခံအားစနစ်ကို ကောင်းစေပါတယ်။ ကိုယ်ခံအားကောင်းမှ ကူးစက်ရောဂါအန္တရာယ်ကနေ ကင်းဝေးနိုင်မှာဖြစ်ပါတယ်။

သွေးအတွင်း သကြားပမာဏကို ထိန်းပေးတယ်

သွေးအတွင်း သကြားပမာဏမြှင့်တက်လာတာက အစာစားပြီးနောက် မိနစ် ၃၀ ‌မှာ စတင်ပါတယ်။ ဒါပေမဲ့ ညစာ စားပြီးနောက် လမ်းလျှောက်ပေးမယ်ဆိုရင် သွေးအတွင်းသကြားပမာဏ မြှင့်တက်မလာအောင် ထိန်းပေးနိုင်ပါတယ်။

ဆာလောင်စိတ်ကို လျော့ချပေးပါတယ်

ထမင်းစားပြီးတဲ့နောက် အာသာမပြေဘဲ တစ်ခုခုစားချင်သလို ဖြစ်တတ်ကြမှာပါ။ ညစာစားပြီးနောက် အဲဒီလိုမဖြစ်အောင် လမ်းခဏလျှောက်ကြည့်ပါ။ ညပိုင်း သွားရည်စာစားတာက ကျန်းမာရေးနဲ့မညီညွှတ်ပါဘူး။ ညစာစားပြီးနောက် လမ်းလျှောက်တာက ဗိုက်ပြည့်ရက်နဲ့ တစ်ခုခုစားချင်စိတ်ကို လျော့ချပေးနိုင်ပါတယ်။ ညဘက် ဗိုက်ဆာတာကိုလည်း သက်သာသွားအောင် ကူညီပေးနိုင်ပါတယ်။

ညဘက် ကောင်းကောင်းအိပ်ပျော်စေတယ်

ညစာ စားပြီးနောက် လမ်းလျှောက်တာက သင့်ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်လည်း ကောင်းကျိုးရှိပါတယ်။ ညဘက် ကောင်းကောင်းအိပ်မပျော်တဲ့သူဆိုရင် ညစာ စားပြီးရင် လမ်းလျှောက်ကြည့်ပါ။ လမ်းလျှောက်တာက သင့်ကို မြန်မြန်အိပ်မောကျစေနိုင်ပါတယ်။

စိတ်ဖိစီးမှုကို လျော့ချပေးတယ်

လမ်းလျှောက်တာက စိတ်ဖိစီးမှုကို ဖယ်ရှားပေးပြီး ခန္ဓာကိုယ်က အန်ဒေါဖင် (endorphins) ဟော်မုန်းတွေကို ထုတ်လွှတ်ပေးပါတယ်။ အဲဒါက သင့်စိတ်ခံစားချက်ကို ကောင်းစေပါတယ်။ ဒါကြောင့် ညစာ စားပြီးနောက် လမ်းလျှောက်တာက စိတ်ဓာတ်ကျတာကို တွန်းလှန်တဲ့နေရာမှာ အကူအညီပေးပါတယ်။

Ref: Surprising health benefits of walking after dinner
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top