သေရေး၊ ရှင်ရေးကို အဆုံးအဖြတ်ဖြစ်စေတဲ့ စကားတစ်ခွန်း

23-5-2022-yyl-13.jpg

တောအုပ်ကို ဖြတ်သွားကြတဲ့ ဖားအုပ်ထဲမှာ ဖား ၂ ကောင်က တွင်းနက်ကြီးထဲ ကျသွားလို့ တခြားဖားတွေ တွင်းဝမှာ ဝိုင်းအုံလာကြတယ်။ သူတို့က တွင်းကိုကြည့်ပြီး အရမ်းနက်တော့ ‘ မင်းတို့ ပြန်တက်နိုင်တော့မှာ မဟုတ်ဘူး’ လို့ ပြောကြတယ်။

ဒါပေမဲ့ ဖား ၂ ကောင်ကတော့ တခြားဖားတွေပြောတာကို ဂရုမစိုက်ဘဲ တွင်းပေါ်ကို ခုန်တက်ကြည့်ကြတယ်။ သူတို့က ကြိုးစားပမ်းစား ခုန်တက်နေကြပေမဲ့ တွင်းပေါက်ဝမှာ ရပ်ကြည့်နေတဲ့ ဖားတွေကတော့ လက်လျှော့လိုက်ဖို့ ဝိုင်းအော်နေကြဆဲပါပဲ။

နောက်ဆုံးမှာတော့ ဖားတစ်ကောင်က တခြားဖားတွေရဲ့စကားကို နားယောင်ပြီး လက်လျှော့လိုက်လို့ တွင်းပေါ်ကို ခုန်တက်နေရင်း ပြုတ်ကျပြီး အသေခံလိုက်ပါတာ့တယ်။ နောက်ဖားတစ်ကောင်ကတော့ ဇွဲမလျှော့ဘဲ ခုန်တက်နေဆဲပါပဲ။ တွင်းဝက ဖားတွေကလည်း အနာခံပြီး ခုန်တက်မနေနဲ့တော့၊ လက်လျှော့လိုက်တော့လို့ ဝိုင်းအော်ပြန်ကြတာပေါ့။

ဒါပေမဲ့ အဲဒီဖားက ပိုအားစိုက်ပြီး ခုန်လိုက်တာ တွင်းပေါ်ကို ပြန်တက်နိုင်သွားတယ်။ သူ တွင်းထဲကနေ ထွက်လာတော့ တခြားဖားတွေက သူ့ကို ဝိုင်းမေးကြတယ်။ ” မင်းကို လက်လျှော့လိုက်ဖို့ ငါတို့ အော်နေတာ မင်းမကြားဘူးလား”
” မကြားဖူးဗျ။ ခင်ဗျားတို့တွေ ကျွန်တော့်ကို တချိန်လုံး ဝိုင်းအားပေးနေကြတာလို့ ထင်နေတာ”

သင်ခန်းစာ

ကိုယ်ပြောလိုက်တဲ့ စကားက တခြားသူတွေရဲ့ ဘဝကို အများကြီးသက်ရောက်စေနိုင်ပါတယ်။ အဲဒါကြောင့် မပြောခင် ချင့်ချိန်စဉ်းစားပါ။ သင့်ပါးစပ်ရဲ့ စကားတစ်ခွန်းဟာ လူတစ်ယောက်ရဲ့ သေရေး၊ ရှင်ရေးကိုပါ အဆုံးအဖြတ် ဖြစ်သွားစေနိုင်လို့ပါပဲ။

Ref: The Group of Frogs

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top