မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီက (COVID-19) ကာကွယ်ရေး ဗဟိုကော်မတီကို အမေရိကန်ဒေါ်လာ(၁)သန်း လှူဒါန်း

22-4-2020-yyl-027.jpg

မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ Covid-19 ရောဂါကာကွယ်တားဆီးရေးနဲ့ပတ်သက်ပြီး လုပ်ကိုင်နေတဲ့ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ ကို မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီက ဒီကနေ့ ဧပြီလ (၂၂) ရက်နေ့ မှာ အမေရိကန်ဒေါ်လာ(၁)သန်း လှူဒါန်းခဲ့တယ် လို့ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီထုတ်ပြန်ချက် အရသိရပါတယ်။

ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာ ပျံ့နှံ့ဖြစ်ပွားနေတဲ့ Coronavirus Disease 2019 (COVID-19) ဟာ မြန်မာနိုင်ငံမှာလည်းဖြစ်ပွားလျက်ရှိကာ Covid-19 ရောဂါကို ကာကွယ်ထိန်းချုပ် ရေးနဲ့ စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းတွေကို ထိရောက်စွာ လုပ်ဆောင်နိုင်ရန်အတွက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ ရန်ပုံငွေများအနက်မှ အမေရိကန်ဒေါ်လာ (၁) သန်းကို လှူဒါန်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ Covid-19 ရောဂါပိုးရှိသူ (၁၂၁) ဦး အနက် သေဆုံးသူ (၅) ဦး၊ ဆေးရုံကနေ ပြန်လည်ဆင်းခွင့်ရသူ (၉) ဦးရှိနေပါပြီဖြစ်တယ်လို့ ဒီကနေ့ ဧပြီလ (၂၂) ရက်နေ့ မနက်ပိုင်းက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ချက် အရသိရပါတယ်။

Cherry (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply