ရာသီတုပ်ကွေးရောဂါက ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားတတ်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ကမ္ဘာ့နေရာ အနှံ့အပြားမှာ ပြန်နှံ့နေပါတယ်။ ရာသီတုပ်ကွေးဟာ အသက်အရွယ်အုပ်စုအားလုံးမှာ ဖြစ်ပွားနိုင်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် ရာသီတုကွေးရောဂါက မိုးရာသီကာလမှာ အဖြစ်များတဲ့ရောဂါ ဖြစ်ပါတယ်။
ရောဂါလက္ခဏာများ
- အဖျားကြီးခြင်း
- ချောင်းဆိုးခြင်း (အများအားဖြင့် ချောင်းခြောက်ဆိုးခြင်း)
- လည်ချောင်းနာခြင်း
- ခေါင်းကိုက်ခြင်း
- ကိုယ်လက်ကိုက်ခဲခြင်း၊ ကြွက်သားတွေ နာကျင်ခြင်း
- ရောဂါကူးစက်ခံရတဲ့အချိန်မှာ ရောဂါလက္ခဏာတွေ ခံစားရတဲ့ အချိန်ထိ ရောဂါပျိုးရက် (၂) ရက်ဝန်းကျင်ဖြစ်ပြီး (၁) ရက်ကနေ (၄) ရက်အတွင်းလည်း ဖြစ်နိုင်ပါတယ်။
ကာကွယ်ဆေးထိုးနှံခြင်း
- ရာသီတုပ်ကွေး ကာကွယ်ဆေးထိုးနှံခြင်းက ရောဂါဖြစ်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရုံသာမက ဖြစ်ပွားလာပါကလည်း ရောဂါပြင်းထန်မှုကို လျော့ချပေးနိုင်ပါတယ်။
- ကာကွယ်ဆေးထိုးနှံခြင်းက တုပ်ကွေးရောဂါ အန္တရာယ်ဖြစ်ပွားနိုင်ခြေရှိတဲ့ သူတွေအတူနေထိုင်တာ (သို့မဟုတ်) သူတို့ကို ပြုစုစောင့်ရှောက်သူတွေအတွက်လည်း အလွန်အရေးပါ ပါတယ်။
ကာကွယ်ဆေးထိုးသင့်တဲ့ အသက်အရွယ်
- ကိုယ်ဝန်ဆောင်မိခင်တွေ (မည်သည့် ကိုယ်ဝန်ရက်သတ္တပတ်မဆို)
- အသက် (၆) လမှ (၅) နှစ်အရွယ် ကလေးတွေ
- သက်ကြီးရွယ်အိုတွေ (အသက် ၆၅ နှစ်အထက်)
- နာတာရှည်ရောဂါရှိသူတွေ
- ကျန်းမာရေးဝန်ထမ်းတွေ
ကာကွယ်ရေးနည်းလမ်းများ
- ရာသီတုကွေးရောဂါက ချောင်းဆိုးရာမှ ထွက်လာတဲ့ အမှုန်အစက်တွေကတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါဖြစ်ပါတယ်။ လေထဲမှာ ပျံ့နှံ့ပေါက်ပွားပြီး ကူးစက်တတ်တဲ့ ရောဂါမဟုတ်ပါ။
- ချောင်းဆိုခြင်း (သို့မဟုတ်) နှာချေခြင်းတွေကတစ်ဆင့် တုပ်ကွေး ဗိုင်းရပ်စ်ပိုး ပါဝင်တဲ့ အမှုန်အစက်လေးတွေက လေထဲမှာ တစ်မီတာအထိ ပျံ့နှံ့ရောက်ရှိသွားတဲ့အခါ အနီးဝန်းကျင်မှာရှိနေတဲ့ လူတွေက အဲ့ဒီအမှုန်အစက်လေးတွေကို ရှုမိတဲ့အခါ တခြားသူတွေကို ကူးစက်နိုင်ပါတယ်။
- ရောဂါပိုး ကပ်ငြိနေတဲ့ လက်တွေက တစ်ဆင့်လဲ ကူးစက်နိုင်ပါတယ်။
- လက်ကို ဆက်ပြာ၊ ရေနဲ့ မကြာခဏ ဆေးကြောပေးတာ၊ ရောဂါပိုးတွယ်ကပ်နိုင်တဲ့ စားပွဲ၊ ထိုင်ခုံ စတဲ့ မျက်နှာပြင်တွေကို သန့်ရှင်းပေးတာတွေက ရောဂါကာကွယ်ရေးအတွက် အဓိကကျတဲ့ အချက်ဖြစ်ပါတယ်။
- အာဟာရရှိတဲ့ အစာအစာတွေကို စားသုံးပါ။ ရေများများသောက်ပါ။
- ကောင်းမွန်စွာ အနားယူပါ။ မပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို ပြုလုပ်ပါ။
- ရာသီတုပ်ကွေးရောဂါလက္ခာဏာတွေကို ခံစားနေရပါက (သို့မဟုတ်) သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဝန်ထမ်းတွေဆီက အကြံဉာဏ်ရယူပြီး စောင့်ရှောက်မှုခံယူပါ။
Photo- Internet
Source- ကမ္ဘာ့ကျန်းမာရေးအဖွဲ့
Team(ရိုးရာလေး)