မိတ်ကပ်ကြာရှည်ခံအောင် ဘယ်လိုလိမ်းမလဲ

23-3-2020-yyl-001.jpg

နွေရာသီမှာ ပူလွန်းတာကြောင့် ချွေးပြန်ပြီး မိတ်ကပ်တွေ အလွယ်တကူပျက်သွားတတ်ကြပါတယ်။ မိန်းကလေးတွေက ချွေးပြန်၊ ချွေးထိတာနဲ့ မိတ်ကပ်တွေ တန်းပျက်မသွားအောင် လိမ်းဖို့တော့လိုပါတယ်။ အဲဒါမှ တစ်နေ့တာလုံး မိတ်ကပ်မပျက်ဘဲ ကြည့်ကောင်းနေမှာဖြစ်ပါတယ်။ မိတ်ကပ်ကြာရှည်ခံအောင် ဘယ်လိုလိမ်းရမလဲမသိတဲ့သူတွေအတွက် မိတ်ကပ်လိမ်းနည်းကို ဖော်ပြပေးလိုက်ရပါတယ်။

(၁) မိတ်ကပ်ကို မှိန်သွားစေတဲ့၊ ပေကျံသွားစေတဲ့ အဆီတွေဖယ်ရှားဖို့အတွက် အရင်ဆုံး သင့်မျက်နှာကို တိုနာနဲ့ သန့်စင်ပေးရမှာဖြစ်ပါတယ်။ သင့်အသားရေအမျိုးအစားနဲ့ ကိုက်တဲ့ အလှကုန်ပစ္စည်းတွေကို အသုံးပြုသင့်ပါတယ်။ သင့်အသားရေက အဆီပြန်တတ်ရင် မိတ်ကပ်က အကြာကြီးမခံဘဲ ပျက်သွားတတ်ပါတယ်။

(၂) သင့်မျက်နှာကို moistutize ခရင်မ်လိမ်းပေးပါ။ နေပူထဲထွက်ရတာများတဲ့အတွက် နေလောင်ဒဏ်ကာကွယ်ပေးတဲ့ခရင်မ်ကို ပိုသုံးပေးသင့်ပါတယ်။

(၃) အချိန်အကြာကြီးခံတဲ့ အရည်အသွေးကောင်းတဲ့ အောက်ခံမိတ်ကပ်ကို အသုံးပြုပေးပါ။ ရေစိုခံအောက်ခံမိတ်ကပ်က အကောင်းဆုံးပါပဲ။ မိတ်ကပ်ကို မိတ်ကပ်လိမ်းဖော့နဲ့ အပေါ်အောက်လာရာအတိုင်း လိမ်းပေးပါ။ မျက်နှာအနှံ့လိမ်းပေးပါ။ ဒါပေမဲ့ အသားရေကို အရမ်းပွတ်ပြီးလိမ်းတာကို ရှောင်သင့်ပါတယ်။ နောက်ထပ် ပေါင်ဒါကို လိမ်းပါ။ ပေါင်ဒါကို နှာခေါင်းနဲ့ မေးစေ့ကဲ့သို့ နေရာတွေကို လိမ်းချင်တယ်ဆိုရင် ပေါင်ဒါလိမ်းဖော့နဲ့ လိမ်းပေးပါ။ မျက်နှာတစ်ခုလုံး ပေါင်ဒါလိမ်းတာ နှံ့စပ်ချင်ရင် ပေါင်ဒါလိမ်းဘရက်ချ်နဲ့ လိမ်းပေးလို့ရပါတယ်။

(၄) Concealer သုံးမယ်ဆိုရင် အဆီမပါတဲ့တစ်ခုကို လိမ်းပေးပါ။ ဒါကို eye shadow အောက်ခံအနေနဲ့ သုံးလို့လည်းရပါတယ်။ eye shadow လိမ်းတဲ့အခါ အကြာကြီးခံမှာဖြစ်ပါတယ်။ Eye Shadow ကို ခရင်မ်ပုံစံနဲ့ရော ပေါင်ဒါပုံစံနဲ့ပါ သုံးလို့ရပါတယ်။

(၅) မျက်နှာမှာ ပန်းရောင်သမ်းနေစေဖို့ ပါးနီသုံးပေးသင့်ပါတယ်။ ခရင်မ်အမျိုးအစားပါးနီကို အသုံးပြုပေးပါ။ ဒါမှ ရေစိုခံမှာဖြစ်ပါတယ်။ ပါးနီလိမ်းတဲ့အခါ ဖော့နဲ့ လိမ်းပေးလို့ရသလို အရည်အသွေးကောင်းတဲ့ ဘရက်ချ်နဲ့ လည်း လိမ်းပေးနိုင်ပါတယ်။

(၆) အရည်အသွေးကောင်းတဲ့ပေါင်ဒါက မိတ်ကပ်အချိန်အကြာကြီးခံစေဖို့အတွက် အဓိကကျပါတယ်။ အဆီပြန်တဲ့နေရာတွေကို ပေါင်ဒါကို များများသုံးပေးသင့်ပါတယ်။

(၇) နှုတ်ခမ်းနီအချိန်တော်တော်ကြာတဲ့အထိ မပျက်စေဖို့ နှုတ်ခမ်းပေါ်မှာလည်း အောက်ခံမိတ်ကပ်အနည်းငယ်လိမ်းပေးပါ။ Lip Pencil နဲ့ နှုတ်ခမ်းကို လိုင်းဖော်ပေးသင့်ပါတယ်။ ပြီးရင် နှုတ်ခမ်းနီကို အပြည့်ဆိုးလိုက်ပြီး Lip Gloss ပါးပါးလေးဆိုးပေးပါ။ တစ်ရှုးပေါ် ပေါင်ဒါအနည်းငယ်ထည့်ပြီး နှုတ်ခမ်းပေါ်တင်လိုက်ပြီး နည်းနည်းဖိထားလိုက်ပါ။ ပြီးတာနဲ့ ဖယ်ရှားပစ်လိုက်ရင် ပြီးပြည့်စုံတဲ့ နှုတ်ခမ်းလေးဖြစ်သွားမှာပါ။

(၈) Eyeliner ဆွဲတဲ့အခါ တစ်ခါဆွဲပြီးဆိုရင် ပေါင်ဒါအနည်းငယ်ရိုက်ပေးပါ။ အဲဒီနောက် ပြန်ပြီး Eyeliner ဆွဲပေးရင် အချိန်အကြာကြီးမပျက်ဘဲ နေပါလိမ့်မယ်။ ဒါပေမဲ့ ရေစိုခံ Eyeliner ကိုတော့ အသုံးပြုသင့်ပါတယ်။ မျက်တောင်ကော့ဆေးကို ပေါင်ဒါရိုက်ထားတဲ့ မျက်တောင်ပေါ်ကို နှစ်ခါလောက် မျက်တောင်ကော့ဆေးသုံးပေးမယ်ဆိုရင် အချိန်အကြာကြီးခံပါတယ်။ ရေစိုခံမျက်တောင်ကော့ဆေးသုံးတာကတော့ အကောင်းဆုံးပါပဲ။

Ref: Tips to keep your makeup smudge proof

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top