အားဖြည့်အချိုရည်တွေဟာ သွေးကြောနဲ့ နှလုံးရောဂါတွေကို ဖြစ်စေနိုင်

45467606_2186378194759474_2457166801679679488_n.jpg

အားဖြည့် အချိုရည် (Energy Drink) တစ်ဗူး သောက်ရုံနဲ့ မိနစ် ၉၀ အတွင်း နှလုံးဆိုင်ရာရောဂါနဲ့ လေဖြတ်နိုင်ခြေတွေပါ မြင့်တက်လာတယ်လို့ လေ့လာတွေ့ရှိချက် အသစ်တွေက ဖော်ပြနေပါတယ်။

တက္ကဆက် တက္ကသိုလ် (University of Texas) က လေ့လာသူတွေက အားဖြည့် အချိုရည်တွေဟာ သွေးကြောတွေကိုလည်း ကျဉ်းလာစေသလို အရေးကြီးတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေဆီ သွေးစီးဆင်းမှုတွေကို အနှောင့်အယှက် ဖြစ်စေတယ်လို့ ဆိုပါတယ်။ Red Bull၊ Monster စတဲ့ နာမည်ကြီး အချိုရည်တွေကို လေ့လာခဲ့တာဖြစ်ပြီး အစာအိမ်၊ အာရုံကြောနဲ့ နှလုံးဆိုင်ရာပြဿနာတွေ ရှိလာနိုင်တယ်လို့ ပြောပါတယ်။

လေ့လာသူတွေဟာ အားဖြည့်အချိုရည် မသောက်ခင်နဲ့ အားဖြည့်အချိုရည် ၂၄ အောင်စ သောက်ပြီး မိနစ် ၉၀ ကြာ အနေအထားတွေကို McGovern Medical School က ကျောင်းသား ၄၄ ယောက်နဲ့ စမ်းသပ်လေ့လာခဲ့ပါတယ်။ သကြား၊ ကဖင်းနဲ့ အခြားသောဓာတ်တွေ အလွန်များပြားစွာ ပါဝင်နေမှုကြောင့်လို့ ဆိုပါတယ်။

အားဖြည့်အချိုရည်တွေဟာ သကြားဓာတ် မြင့်မားစွာ ပါဝင်နေပြီး ဥပမာအားဖြင့် ၁၂ အောင်စ ရှိတဲ့ Red Bull အချိုရည်ဗူး တစ်ဗူးမှာ သကြား ၃၇ ဂရမ် (လက်ဖက်ရည်ဇွန်း ၉ ဇွန်း ထက်ပိုတဲ့ ပမာဏ) လောက် ပါဝင်နေတယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။ ၂၅၀ မီလီလီတာမှာ ကဖင်း ၈၀ မီလီလီတာလောက် ပါဝင်နေတာဖြစ်ပြီး ဒါဟာ ၂.၅ ဂရမ်ရှိတဲ့ ကိုကာကိုလာတစ်ဗူးမှာ ပါဝင်တဲ့ ပမာဏလောက် ဖြစ်ပါတယ်။

ကဖင်းဓာတ်ဟာ ဟော်မုန်းတွေကို ကမောက်ကမ ဖြစ်စေပြီး သွေးဖိအားကို မြင့်တက်စေသလို သကြားဓာတ် အလွန်များပြားခြင်းဟာ သွေးကြောတွေကို ကျုံ့စေပြီး အရေးကြီးတဲ့ အစိတ်အပိုင်းတွေဆီကို သွေးစီးဆင်းမှု လျော့နည်းသွားစေပါတယ်။

Ref: Daily Mail “Having just ONE energy drink can narrow blood vessels in 90 minutes”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top