နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျအောင် ဘယ်လိုလုပ်ကြမလဲ

topless-woman-sleeping-in-bed-PULYNJ3.jpg

ဦးနှောက်နဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အင်အားတွေကို အိပ်စက် အနားယူတဲ့နည်းနဲ့ ရယူနိုင်ပါတယ်။ ၂ဝရာစုနှစ်နောက်ပိုင်းမှာ လူတွေဟာ အရင်ကထပ်အလုပ်ကို ပိုမိုဦးစားပေး လုပ်လာပြီးတဲ့နောက်ပိုင်း အိပ်ရေးပျက်တာကြောင့်ဖြစ်လာတဲ့ နောက်ဆက်တွဲ ရောဂါတွေပါ ခံစားရလာပါတယ်။

ပညာရှင်များကလည်း အိပ်ချိန် လျော့သွားတာကြောင့် အလုပ်ချိန် ပိုလာနိုင်ပေမယ့် အလုပ်လုပ်တဲ့ အရည်အသွေးကတော့ ကျဆင်းသွားနိုင်ပါတယ်။ တစ်ခါတစ်ရံလည်း ပင်ပန်းလွန်းပြီး အရမ်းအိပ်ချင်ပေမယ့် အိပ်လို့မပျော်တာတွေ ဖြစ်တတ်ပါတယ်။ အဲ့ဒါကြောင့် ရိုးရာလေးကနေ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျတဲ့ နည်းလမ်းများကို ဝေမျှပါရစေ။

အိမ်ပြင်ထွက်ပါ

တစ်ရက်ကို နေအလင်းရောင်နဲ့ မိနစ် ၃ဝ ထိတွေ့စေပါ။

မီးအလင်းရောင် ပြောင်းပြီးအိပ်ပါ

အပြင်မှာ မှောင်မဲနေချိန် သင့်အိမ်က မီးမှိန်မှိန်လေး ဖွင့်ထားတဲ့အခါမှာ သင့်ပတ်ဝန်းကျင်မှာရှိတဲ့ အပြာရောင် (သို့) အပြည့်ရှိတဲ့ အလင်းတန်းတွေကို လျော့ချပေးပါတယ်။ သင့် ကွန်ပြူတာမှာရှိတဲ့ အခမဲ့ software က တစ်နေ့တာ အလင်းရောင်နဲ့ တစ်ပြေးညီ အရောင် လိုက်ပြောင်းပေးတဲ့ပုံစံမျိုးပါ။

ကဖင်းတွေကိုရှောင်ပါ

သင်ဟာ အိပ်ပျော်ဖို့ ခက်တဲ့သူဆိုရင် သင်သောက်နေကျ ကဖင်းတွေကို လျော့ချလိုက်ရင်တော့ အဲ့ဒီ ပြဿနာ ဖြေရှင်းပြီးသား ဖြစ်သွားမှာပါ။ နိုးနိုးချင်း ကော်ဖီမသောက်ဘဲ မနေနိုင်ဘူးဆိုရင်တော့ ညနေပိုင်းတော့ လုံးဝ မသောက်ဘူးလို့ ဆုံးဖြတ်လိုက်ပါ။ အဲ့ဒီအခါ ညအိပ်ချိန်မရောက်မှီတော့ မနက်ကသောက်ထားတဲ့ ကဖင်းဓာတ်က ပျယ်ပြီးသား ဖြစ်သွားမှာပါ။

ဆေးလိပ်သောက်တဲ့နဲ့ ဆေးရွက်ကြီးဝါးတာမျိုးကို ရပ်ပစ်လိုက်ပါ

ဆေးရွက်ကြီးမှာ ရေရှည် ဆိုးရွားတဲ့ ကျန်းမာရေး အန္တရာရှိတဲ့အပြင် အိပ်မပျော်စေတဲ့ ဓာတ်သတ္တုတွေလည်း ရှိပါတယ်။

အိပ်ရာကိုအိပ်ဖို့နဲ့ လိင်ဆက်ဆံဖို့အတွက်ဘဲသုံးပါ

သင့်ရဲ့အိပ်ရာကို အိပ်လို့ကောင်းအောင် ပြင်ဆင်ထားပါသလား။ အိပ်ဖို့ အကောင်းဆုံး ပတ်ဝန်းကျင်ကတော့ အေးချမ်း မှောင်မဲပြီး တိတ်ဆိတ်တဲ့နေရာပါ။ အိပ်တဲ့နေရာကို အလုပ်အစုံလုပ်တဲ့ နေရာဖြစ်အောင် အလုပ်ပါနဲ့။ တီဗီတွေ၊ လက်ပ်တော့တွေ၊ လျှပ်စစ်ပစ္စည်းတွေနဲ့ ရှုပ်နေအောင် မထားပါနဲ့။

လေ့ကျင်ခန်းလုပ်ပါ

လေ့ကျင့်ခန်းလုပ်လို့ရတဲ့ အကျိုးကျေးဇူးတွေ အများကြီးပါ။ အိပ်တာနဲ့ပတ်သတ်ပြီးတော့လည်း လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် တစ်နေ့တာသင့်ရဲ့ ဦးနှောက်နဲ့ ခန္ဓာကိုယ် ပင်ပန်းသွားတဲ့အခါမှာ နှစ်ခြိုက်စွာ အိပ်မောကျစေပါတယ်။

အိပ်ခန်းရဲ့ အပူချိန်ကိုထိန်းညှိပေးပါ

လူအများစုဟာ အေးတဲ့အခန်းမှာပိုပြီး ကောင်းမွန်စွာ အိပ်မောကျလေ့ရှိပါတယ်။ အိပ်ပျော်ဖို့ အကောင်းဆုံး အပူချိန်ကတော့ 65’F ကနေ 70’F (18’C ကနေ 21’C) ကြားမှာ ရှိပါတယ်။

အသံ

တိတ်ဆိတ်နေတဲ့ နေရာဟာ ကောင်မွန်စွာ အိပ်ပျော်နိုင်ဖို့ အကောင်းဆုံးသော့ချက်ပါဘဲ။ ငြိမ်ချမ်းပြီး တိတ်ဆိတ်တဲ့ နေရာဖြစ်ဖို့ ယပ်တောင်နဲ့လည်း “white noise” ဆိုတဲ့ အသံကို ဖန်တီးနိုင်ပါတယ်။

အရက်သေစာ

ဒါကတော့ ပြောရခက်တဲ့အချက်ဘဲ။ မအိပ်ခင် တစ်ခွက်သောက်တာဟာ လူတွေကိုပိုပြီး အိပ်မောကျစေတယ်လို့ ပြောကြပါတယ်။ တကယ်တမ်းတော့ လွယ်လွယ်အိပ်ပျော်သွားတာမှန်ပေမယ့် အိပ်မောကျတဲ့ အရည်အသွေးကို လျော့ချစေပြီး Red Eye Movement ကို ဖြစ်ပေါ်စေပါတယ်။ အဲ့ဒါကြောင့် မြန်မြန်အိပ်ပျော်ပေမယ့် အချိန်ပြည့် အနားယူ နိုးထလာနိုင်မှာတော့ မဟုတ်ပါ။ အဲ့ဒါကြောင့် အရက်သေစာ သောက်သုံးခြင်းကြောင့် သင့်ရဲ့ အိပ်စက်မှု အခြေအနေကို ပိုကောင်းစေလာနိုင်မှာ မဟုတ်ပါဘူး။

သင်ဟာ အရင်ကထပ်ပိုပြီး ကောင်းမွန်စွာ အိပ်မောကျနိုင်လာတဲ့အခါမှာ သင့်ရဲ့ လုပ်နိုင်စွမ်းအားများ တိုးတက်လာနိုင်ပြီး တစ်နေ့တာ အလုပ်ပြီးမြောက်နိုင်စွမ်းရည်များ တိုးတက်လာနိုင်တဲ့အတွက် အရင်ကထက် ပိုမိုအိပ်ပျော်နိုင်အောင် ကြိုးစာကြပါလို့ တိုက်တွန်းလိုပါတယ်။

ကျေးကျေး (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top