ချဲလ်ဆီးနဲ့ပွဲ ရွှေ့ဆိုင်းခဲ့ရလို့ နေ့လယ်စာ စားစရာအထုပ် ၈၅၀ ကို အိမ်ရာမဲ့တွေအတွက် ပေးလှူခဲ့တဲ့ အက်စတွန်ဗီလာ

18-3-2020-yyl-023.jpg

ပရီးမီးယားလိဂ်ပွဲစဉ်အားလုံးကို ဧပြီလ ၃ ရက်နေ့အထိ ဆိုင်းငံ့လိုက်ပြီလို့ ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်က ကြေညာခဲ့ပြီးနောက်မှာတော့ ချဲလ်ဆီးနဲ့ ကစားရမယ့်ပွဲမှာ ဝန်ထမ်းတွေကို နေ့လယ်စာကျွေးဖို့ စီစဉ်ထားတဲ့ စားစရာအထုပ် ၈၅၀ ကို အက်စတွန်ဗီလာအသင်းက အိမ်ရာမဲ့အတွက် လှူဒါန်းခဲ့ပါတယ်။ Covid-19 ကူးစက်ပျံ့နှံ့မှုကြောင့် ဗီလာနဲ့ ချဲလ်ဆီးပွဲစဉ် အပါအဝင် ပြီးခဲ့တဲ့အားလပ်ရက်က ကစားဖို့ စီစဉ်ထားတဲ့ပွဲစဉ်အားလုံးကို ဆိုင်းငံ့ခဲ့ရတာပါ။ အဲဒီအတွက် ဗီလာအသင်းက အသင်းအဖွဲ့ဝင်တွေကို ကျွေးဖို့ ပြင်ဆင်ထားတဲ့ စားစရာအထုပ် ၈၅၀ ကို အိမ်ရာမဲ့အကျိုး ဆောင်ရွက်နေတဲ့ ပရဟိတအဖွဲ့အစည်းတွေထံ လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top