ဆေးကို ရေနဲ့ သောက်ရဲ့လား

yyl-21-034.jpg

သင်ဟာ ဆေးကို ရေနဲ့မသောက်ဘဲ မျိုချဖြစ်နေလား။ အဲဒီအခြေအနေမျိုးက အကြောင်းအရင်းရှိနိုင်ပါတယ်။ ရေယူရမှာပျင်းလို့ (ဒါမှမဟုတ်) အလုပ်အရမ်းများတာတွေကြောင့် ဆေးကို ရေမပါဘဲမျိုချပစ်တတ်ကြတာပါ။ ဘယ်လိုအကြောင်းအရင်းပဲဖြစ်ဖြစ် ရေမပါဘဲ ဆေးသောက်တာက ကောင်းတဲ့အရာတော့မဟုတ်ပါဘူး။ ဘာကြောင့် အဲဒီလိုပြောရလဲဆိုတာကိုတော့ အောက်မှာ ဆက်လက်ဖတ်ရှုကြည့်ပါနော်..။

ဆေးကို ရေနဲ့သောက်ဖို့ ပြောရတဲ့အကြောင်းအရင်းက ဆေးသောက်တဲ့အခါ မလွယ်တကူမျိုချနိုင်ပြီး အစာပြွန်မှာ ဆေးတောင့်ညှပ်မနေအောင် ကာကွယ်ပေးနိုင်တာကြောင့်ဖြစ်ပါတယ်။ ဆေးတောင့်ကို ရေမပါဘဲ မျိုချလိုက်မယ်ဆိုရင် လည်ပင်းမှာ နင်နေပြီး အစာပြွန်မှာညှပ်နေတာတွေဖြစ်နိုင်ပါတယ်။ ရေမသောက်ဘဲ ဆေးကို မျိုချလိုက်တာကြောင့် အလွယ်တကူပျော်ဝင်မသွားတဲ့အတွက် ဆေးက အစာပြွန်မှာ နီမြန်းရောင်ရမ်းခြင်းတွေဖြစ်နိုင်ပြီး ရင်ပူရင်ဆာဖြစ်တာ၊ ရင်ဘတ်အောင့်တာကဲ့သို့ ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ဒီထက်ပိုဆိုးတာက သွေးထွက်တာနဲ့ အခေါင်းပေါက်ဖြစ်တာတွေလည်းဖြစ်လာနိုင်ပါတယ်။

အစာပြွန်မှာ နာကျင်စေတဲ့သွေးကြောတွေမရှိတာကြောင့် ချက်ချင်းတော့ ဒီလက္ခဏာရပ်တွေကို မြင်တွေ့ရမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဆေးက သက်တောင့်သက်သာနဲ့ အစာပြွန်ကနေ ဝင်မသွားဘူးဆိုရင် အစာပြွန်ရဲ့နူးညံ့တဲ့တစ်ရူးကို ထိခိုက်စေနိုင်ပြီး ရေဓာတ်ကုန်ခန်းတာနဲ့ ပြည်တည်နာတွေဖြစ်လာနိုင်ပါတယ်။

ဒီလိုမလိုလားအပ်တဲ့အရာတွေဖြစ်မလာဖို့အတွက် ဆေးသောက်တဲ့အခါ ရေများများသောက်ပေးတာအကောင်းဆုံးပါပဲ။ လူတစ်ယောက်က ဆေးသောက်တဲ့အခါ ရေ (၂၅၀) မီလီလီတာနဲ့ သောက်ပေးသင့်ပါတယ်။ ဒါ့အပြင် မတ်တပ်ရပ်ရင်း (ဒါမှမဟုတ်) ထိုင်ရင်းနဲ့ ဆေးသောက်ပေးသင့်ပြီး ဆေးကို လဲလျောင်းပြီးသောက်မယ်ဆိုရင် အသက်ရှုမဝတာတွေဖြစ်နိုင်ပါတယ်။ အိပ်ရာမဝင်ခင် (၁၅) မိနစ်လောက်ကြိုပြီး ဆေးကို သောက်ထားသင့်တယ်လို့လည်း Cleveland Clinic က ဆိုထားပါတယ်။

Ref: What happens when you swallow a pill without water

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top