မနားတမ်းအလုပ်လုပ်ခြင်းက အမျိုးသမီးတွေကို ကိုယ်အလေးချိန်ပိုတက်စေနိုင်

yyl-21-038.jpg

ကျွန်တော်တို့ရဲ့ တစ်နေ့တာ အချိန်တော်တော်များများကို အလုပ်ခွင်မှာ အလုပ်လုပ်ရင်း ကုန်ဆုံးကြရပါတယ်။ တစ်နေ့ကုန်ထိုင်ပြီး လုပ်ရတဲ့အလုပ်က ကိုယ်လက်လှုပ်ရှားမှုရှိဖို့ရာ ခက်ခဲပါတယ်။ ဒီလိုအခြေအနေတွေမှာ ကျန်းမာရေးပြဿနာတွေ တိုးလာစေနိုင်သလို အလုပ်ကြောင့် စိတ်ဖိစီးမှုတွေလည်း ကြုံရနိုင်ပါတယ်။ အလုပ်ခွင်မှာ မနားတမ်း အလုပ်လုပ်မယ်ဆိုရင် အမျိုးသားတွေထက် အမျိုးသမီးတွေမှာ သက်ရောက်မှုပိုရှိနိုင်ပါတယ်။ အမျိုးသမီးတွေက အလုပ်ခွင်မှာ အထိုင်များတာကြောင့်၊ အလုပ်တွေပိပြီး စိတ်ဖိစီးမှုတွေဖြစ်တာကြောင့် ကိုယ်အလေးချိန် တက်နိုင်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။ University of Gothenburg က သုတေသီတွေရဲ့ လေ့လာစမ်းသပ်ချက်အရ အလုပ်ကို မနားတမ်းလုပ်တဲ့အခါ အမျိုးသမီးတွေက အမျိုးသားတွေထက် ကိုယ်အလေးချိန်တက်ဖို့ ပိုပြီး အခွင့်အရေးများကြပါတယ်။

လေ့လာချက်မှာ ပါဝင်ခဲ့သူ (၃၈၇၂) ကို စစ်ဆေးစမ်းသပ်ပြီးတဲ့နောက်မှာ စိတ်ဝင်စားစရာကောင်းတဲ့ အဆုံးသတ်တချို့ကို သုတေသီတွေက ရရှိခဲ့ပါတယ်။ အထိုင်များပြီး မရပ်မနားဘဲ အလုပ်လုပ်ခြင်းက ပါဝင်ခဲ့တဲ့အမျိုးသမီးတွေကိုသာ ကိုယ်အလေးချိန် တက်စေခဲ့ပါတယ်။ စိတ်ဖိစီးမှုများပြီး မနားတမ်းလုပ်ရတဲ့အမျိုးသမီး (၅၀) ရာခိုင်နှုန်းနီးပါးက နှစ် (၂၀) လေ့လာချက်အတွင်း ကိုယ်အေလေးချိန် တိုးလာတာကို တွေ့ရှိခဲ့ပါတယ်။ ဒီပါဝင်ခဲ့တဲ့ အမျိုးသမီးတွေရဲ့ ကိုယ်အလေးချိန်တိုးလာမှုက စိတ်ဖိစီးမှုနည်းတဲ့အလုပ်ကို လုပ်တဲ့အမျိုးသမီးတွေထက် (၂၀) ရာခိုင်နှုန်းပိုများပါတယ်။ ဒါပေမဲ့ သုတေသီတွေက မနားတမ်းအလုပ်လုပ်တာက အမျိုးသမီးတွေကိုသာ ကိုယ်အလေးချိန်တက်စေတာ ဘာကြောင့်လဲဆိုတာကိုတော့ ရှာမတွေ့ခဲ့ပါဘူး။ အမျိုးသမီးတွေမှာ အိမ်မှုကိစ္စတွေလုပ်ရတာနဲ့ အလုပ်ကို မနားတမ်းလုပ်ရတာတွေ ပေါင်းစုံမိကြပါတယ်။ အဲဒါတွေက ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ အချိန်မပေးနိုင်ဖြစ်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်စွာနေထိုင်ဖို့ ခက်ခဲတာတွေဖြစ်နိုင်တယ်လို့တော့ ထောက်ပြခဲ့ပါတယ်။

သုတေသီတွေကလည်း နောက်ထပ်စူးစမ်းလေ့လာမှုတွေ လုပ်ခဲ့ပါတယ်။ အလုပ်အပေါ် ထိန်းချုပ်မှုမလုပ်နိုင်တဲ့ လူတွေက ကိုယ်အလေးချိန် တက်နိုင်ခြေရှိပါတယ်။ အဲဒီလူတွေက အသစ်အသစ်တွေကို သင်ယူဖို့ခက်ခဲသလို သူတို့ရဲ့စွမ်းရည်တွေ တိုးတတ်စေမယ့် အခွင့်အလမ်းနဲ့လည်း လွဲချော်နိုင်ပါတယ်လို့ လေ့လာတွေ့ရှိခဲ့ရပါတယ်။

Ref: Demanding jobs make women gain more weight than men, says study

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top