ဆန်စီရိုကွင်းကို စွန့်ခွာဖို့နီးစပ်နေတဲ့ မီလန်မြို့ခံ (၂) သင်း

55549666_2302063663157874_8470642974865227776_n.jpg

မီလန်မြို့ခံအသင်း (၂)သင်းဖြစ်တဲ့ အေစီမီလန်နဲ့ အင်တာမီလန်တို့ဟာ ဆန်စီရိုကွင်းကို မပြုပြင်တော့ဘဲ ကွင်းသစ်တည်ဆောက်ရေးစီမံကိန်းအတွက် ကြေညာချက်ထုတ်ပြန်ဖို့ နီးစပ်နေပြီလို့ အီတလီမီဒီယာတစ်ခုက ဖော်ပြပါတယ်။

မီလန်မြို့တော်ကောင်စီကထိန်းချုပ်ထားတဲ့ ဆန်စီရိုကွင်းဘေးမှာ ကွင်းသစ်တည်ဆောက်ရေးအတွက် အကောင်းဆုံးရှေ့ဆက်နိုင်မယ့်နည်းလမ်းကို မီလန်မြို့ခံ အသင်း (၂) သင်း သဘောတူညီခဲ့တယ်လို့ အင်တာမီလန်အသင်းအမှုဆောင်ချုပ် အန်တိုနယ်လိုက ပြောပါတယ်။ ဂူဆက်စပီမက်ဇာလို့ အမည်ရတဲ့ ဆန်စီရိုကွင်းကို ၁၉၂၆ ခုနှစ်က ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ပြင်ဆင်မွမ်းမံမှုတွေ အများကြီးလုပ်ခဲ့ဖူးပါတယ်။

ဒါပေမဲ့ ဆန်စီရိုကွင်းကို ခေတ်မီအောင် ပြင်ဆင်မွမ်းမံရင် ကွင်းသစ်တည်ဆောက်တာထက် အချိန်ရော၊ ငွေပါ ပိုကုန်နိုင်ပြီး ပြင်ဆင်မွမ်းမံနေချိန်မှာ တခြားကွင်းကိုပြောင်းကစားရဖို့ ရှိပါတယ်။ အဲဒါကြောင့် မီလန်မြို့ခံ (၂) သင်းက ကွင်းသစ်တည်ဆောက်ဖို့ လုပ်ဆောင်သွားမှာဖြစ်ပြီး ကွင်းသစ်တည်ဆောက်ပြီးရင်တော့ ဆန်စီရိုကွင်းကို ဖြိုချသွားမယ်လို့ ဆိုပါတယ်။ ဆန်စီယိုကွင်းဟာ ဥရောပပြိုင်ပွဲ ဗိုလ်လုပွဲ (၄) ကြိမ် လက်ခံကျင်းပခဲ့ဖူးတဲ့ ဘောလုံးကွင်းပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top