အာဆင်နယ်ဂျာစီဝတ်ပြီး ဓာတ်ပုံရိုက်ခဲ့တဲ့ လိုင်လီတိုက်စစ်မှူး ပီပီ

67589693_2509681049062800_2384871610050936832_n.jpg

အာဆင်နယ်ဟာ လိုင်လီတိုက်စစ်မှူး နီကိုလက်စ်ပီပီကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၇၂) သန်းနဲ့ ခေါ်ယူလိုက်ပြီလို့ ထုတ်ပြန်ကြေညာဖို့ နီးစပ်နေပါပြီ။ နီကိုလက်စ်ပီပီဟာ ပြီးခဲ့တဲ့အင်္ဂါနေ့ နံနက်ပိုင်းက လန်ဒန်မြို့မှာ ဆေးစစ်မှုခံယူခဲ့ပြီးနောက် အာဆင်နယ်နဲ့ (၅) နှစ်စာချုပ်ချုပ်ဆိုဖို့ ရှိနေပါတယ်။ အာဆင်နယ်အသင်းရဲ့ ကိုလ်နေးလေ့ကျင့်ရေးကွင်းကို ရောက်ရှိလာတဲ့ နီကိုလက်စ်ပီပီဟာ အာဆင်နယ်အသင်း အမှတ်တံဆိပ်ပါတဲ့ အိတ်တစ်လုံး ကိုင်ထားတာ တွေ့ရပါတယ်။

အဲဒီနောက်မှာတော့ နီကိုလက်စ်ပီပီက အာဆင်နယ်အသင်း အိမ်ကွင်းဝတ်စုံသစ်နဲ့ ဓာတ်ပုံရိုက်နေတဲ့ ရုပ်သံမှတ်တမ်းက လူမှုကွန်ရက်ပေါ် ထွက်ပေါ်လာခဲ့တာပါ။ အာဆင်နယ်ဟာ နီကိုလက်စ်ပီပီအတွက် ကနဦးပေးချေမှုအဖြစ် ပေါင်သန်း (၂၀) ပေးပြီး ကျန်ငွေကို (၅) နှစ်အတွင်း အရစ်ချပေးချေသွားမှာပါ။ နွေရာသီ အပြောင်းအရွှေ့မှာ ရီးရဲလ်ကွင်းလယ်လူ ဆီဘယ်လော့စ်(အငှား)၊ စိန့်အီတီယန်နောက်ခံလူ ဆာလီဘာနဲ့ ဘရာဇီး လူငယ်ကစားသမား မာတီနယ်လီတို့ကို ခေါ်ယူထားတဲ့ အာဆင်နယ်အတွက် စတုတ္ထမြောက် ကစားသမားသစ် ခေါ်ယူမှု ဖြစ်လာမှာပါ။ အိုင်ဗရီကို့စ်လက်ရွေးစင် တိုက်စစ်မှူး နီကိုလက်စ်ပီပီဟာ ပြီးခဲ့တဲ့ရာသီက လီဂူး-၁ ပြိုင်ပွဲမှာ (၂၂) ဂိုးသွင်းပြီး (၁၁) ဂိုး ဖန်တီးနိုင်ခဲ့သူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top