ပြီးခဲ့တဲ့ စက်တင်ဘာ (၁၁)ရက်နေ့တုန်းက နာဆာရဲ့ ဂျူပီတာလေ့လာရေးအာကာသယာဉ်လေး ဂျူနို (Juno) ဟာ ဂြိုဟ်ကို(၂၂) ကြိမ်မြောက်လှည့်ပတ်နေစဉ် ထူးခြားတဲ့ပုံရိပ်တစ်ခုကိုရိုက်ကူးမိခဲ့ငာ ကီဗင် ဂျီးလ် (Kevin Gill) ဆိုတဲ့ သိပ္ပံပညာရှင်က အဲဒီပုံကို မွမ်းမံတည်းဖြတ်ပြီးထုတ်ဖော်ပြသလိုက်ပါတယ်။
ဂျူပီတာဂြိုဟ်ရဲ့ hemisphere အလွှာမှာ နက်မှောင်လုံး၀န်းတဲ့အရိပ်တစ်ခုပေါ်နေတဲ့ပုံကို ဂျူနိုက ဂျူပီတာဂြိုဟ်ရဲ့ တိမ်တိုက်တွေအထက် (၄,၈၈၅) မိုင်အကွာကနေရိုက်ယူခဲ့တာပါ။
ဒီပုံထဲကအရိပ်ဟာ ဂျူပီတာကို ဝါးမျိုဖို့ ပေါ်လာတဲ့ တွင်းနက်တစ်ခုလေလားလို့ တွေးမိချင်စရာဖြစ်နေပေမဲ့လည်း တကယ်တမ်းအဖြစ်မှန်က အဲဒီလောက်ထိတ်လန့်ဖို့မကောင်းနေပါဘူး။ အကြောင်းရင်းမှန်က ဂျူပီတာရဲ့ များစွာသောလတွေထဲက တစ်စင်းဖြစ်တဲ့ lo က နေနဲ့ဂျူပီတာအကြားကနေဖြတ်သန်းသွားတဲ့အတွက် အခုလိုပုံရိပ်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဂျူပီတာဂြိုဟ်မှာ ဂြိုဟ်ရံလ (၇၅) စင်းရှိနေတာကြောင့် ဒီလိုအဖြစ်မျိုးက မကြာခဏဆိုသလိုဖြစ်လေ့ရှိပါတယ်။ကမ္ဘာပေါ်မှာနေအပြည့်အဝကြတ်တဲ့အခါဆိုရင်လည်း အလားတူအဖြစ်မျိုးပေါ်ပေါက်နိုင်မှာပါ။ အခုတွေ့မြင်ကြရတဲ့ lo လရဲ့အရိပ်ဟာ ဂျူပီတာဂြိုဟ်အရွယ်ကြောင့် သေးငယ်တယ်ထင်ရပေမဲ့ အကျယ် (၂၂၀၀) မိုင်လောက်ရှိပြီး lo ရဲ့ပကတိအကျယ်နီးပါးရှိတယ်လို့ NASA ကဖော်ပြထားပါတယ်။
Ref: Expres. co. uk “An incredible black hole appeared on Jupiter”
Lynn Thu (ရိုးရာလေး)

