ဖင်လန်နိုင်ငံမှာ ကမ္ဘာ့အသက်အငယ်ဆုံး ဝန်ကြီးချုပ် ခန့်အပ်

yyl-024-7.jpg

ဖင်လန်နိုင်ငံ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ဆန်နာမာရင်ဟာ ကမ္ဘာ့အသက်အငယ်ဆုံး ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။ ဝန်ကြီးချုပ် အန်တီရင်နီ နုတ်ထွက်ခဲ့ပြီးနောက်မှာ ဆိုရှယ်ဒီမိုကရက်တစ်ပါတီက ပို့ဆောင်ရေးဝန်ကြီး ဆန်နာမာရင်ကို ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ဖို့ ရွေးချယ်ခဲ့တာပါ။ ဖင်လန်နိုင်ငံမှာ ဗဟိုလက်ဝဲယိမ်းဝါဒရှိတဲ့ ပါတီ ၅ ခုက ညွန့်ပေါင်းအစိုးရဖွဲ့စည်းထားပြီး အဲဒီပါတီ ၅ ခုလုံးကို အမျိုးသမီးတွေက ဦးဆောင်နေပါတယ်။

”ကျွန်မရဲ့အသက် ဒါမှမဟုတ် ကျား၊ မ ကိစ္စတွေကို တစ်ခါမျှ မတွေးဖူးပါဘူး။ နိုင်ငံရေးလောကထဲ ဝင်လာတဲ့ အကြောင်းရင်းနဲ့ မဲဆန္ဒရှင်တွေရဲ့ ယုံကြည်မှု ရရှိခဲ့တဲ့ အကြောင်းအရာတွေကိုပဲ စဉ်းစားပါတယ်” လို့ ဆန်နာမာရင်က ပြောပါတယ်။ အသက် ၃၄ နှစ်ရှိတဲ့ ဆန်နာမာရင်ဟာ ဖင်လန်နိုင်ငံ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခွင့်ရတဲ့ တတိယမြောက်အမျိုးသမီး ဖြစ်လာခဲ့ပါတယ်။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top