မြန်မာစာ မြန်မာစကားအစီအစဉ်လေးကို တင်ဆက်ပေးဖို့အချိန်ကျရောက်လို့လာပြန်ပါပြီ။ ဒီတစ်ပတ် ဖော်ပြပေးချင်တဲ့အကြောင်းအရာက မှားယွင်းစွာရေးသားမိတတ်တဲ့ စာလုံးပေါင်းသတ်ပုံတွေထဲက “တစ်ယောက်ထဲ နှင့် တစ်ယောက်တည်း” ရေးသားပုံပဲဖြစ်ပါတယ်။
“တစ်ယောက်တည်း” ဆိုတဲ့ စကားလုံးကို စာလုံးပေါင်းတဲ့အခါ အသံထွက်ကို လိုက်ပြီး “တစ်ယောက်ထဲ” လို့ မှားရေးတတ်ကြပါတယ်။ တကယ်က “တစ်ယောက်တည်း” လို့ ရေးမှသာ စာလုံးပေါင်း မှန်ကန်မှာဖြစ်ပါတယ်။
Team (ရိုးရာလေး)