ဒုတိယတစ်ကြိမ် COVID-19 ဖြစ်ပွားမှာဆိုးတဲ့အတွက် ဝူဟန်မြို့မှာ လူသန်းပေါင်းများစွာကို (၁၂) ရက်အတွင်း ရောဂါပိုးစစ်ဆေးခဲ့

27-5-2020-yyl-016.jpg

တရုတ်နိုင်ငံရဲ့ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားရာ ဝူဟန်မြို့က ဒုတိယတစ်ကြိမ် COVID-19 ထပ်မံဖြစ်ပွားမှာဆိုးတဲ့အတွက် လူဦးရေအကုန်လုံးကို စစ်ဆေးမယ်ဆိုတဲ့ ကမ်ပိန်းအပါအဝင် လူ (၇) သန်းကျော်ကို (၁၂) ရက်အတွင်း ရောဂါပိုးစစ်ဆေးခဲ့တယ်လို့သိရပါတယ်။ စုစုပေါင်း လူ (၆.၆၈) သန်းက nucleic acid စစ်ဆေးမှုကို ခံယူခဲ့ပါတယ်။ ဝူဟန်မြို့ရဲ့လူဦးရေအများကြီးကို စစ်ဆေးတဲ့ကမ်ပိန်းက ဆုံးရှုံးနစ်နာမှုတွေနည်းအောင်၊ ထိန်းချုပ်နိုင်တဲ့အခြေအနေရောက်ရှိဖို့ ရောဂါဖြစ်ပွားကို ကာကွယ်ဖို့အတွက် တရုတ်နိုင်ငံရဲ့အားထုတ်မှုတွေထဲက တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ မြောက်ပိုင်းဒေသမှာ ရောဂါပိုးရှိသူ အသစ်တွေ့ရှိခဲ့တဲ့အတွက် ဒေသခံ သန်း (၁၀၀) ကို Lockdown ချခဲ့ရပါတယ်။

ဝူဟန်မြို့မှာ လူဦးရေအကုန်လုံးကို ရောဂါပိုးစစ်ဆေးမယ်ဆိုတဲ့အစီအစဉ်ကို မေလ (၁၂) ရက်နေ့က ကြေညာခဲ့တာဖြစ်ပါတယ်။ ဝူဟန်မြို့မှာ ဧပြီလက Lockdown ဖြေလျော့ပြီးတဲ့နောက်မှာ ရောဂါပိုးရှိသူအသစ်ပေါ်လာတဲ့အတွက် အခုလိုအစီအစဉ်ဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ်။ စစ်ဆေးမှုကို လျင်လျင်မြန်မြန်ပဲလုပ်ဆောင်ခဲ့ပြီး မေလ (၂၃) ရက်နေ့မှာ လူ (၁.၁) သန်းကျော်ကို ရောဂါပိုးစစ်ဆေးနိုင်ခဲ့ပါတယ်။ ပထမရက်နေ့မှာပဲ ရောဂါပိုးစစ်ဆေးမှု (၂၆) ကြိမ်ကျော်ကျော်လောက် ပြီးမြောက်ခဲ့ပါတယ်။

တရုတ်သမ္မတရှီကျင်ဖျင့်က အခုလိုခက်ခက်ခဲခဲဆောင်ရွက်နိုင်မှုကြီးကို မဖျက်စီးရာရောက်မှာဆိုးတယ်လို့ ဟူပိုင်ပြည်နယ်ရဲ့တာဝန်ရှိသူတွေနဲ့ အစည်းအဝေးမှာ ပြောပါတယ်။ နိုင်ငံခေါင်းဆောင်တွေက နှစ်တိုင်း National People’s Congress အတွင်းမှာ နိုင်ငံတည်ငြိမ်အေးချမ်းဖို့ကို ကြိုးပမ်းဆောင်ရွက်ကြပါတယ်။

ဝူဟန်မြို့မှာ အခုလိုရောဂါပိုးမစစ်ဆေးခင်ကတောင် မြို့ရဲ့ကုမ္ပဏီတော်တော်များများက ဝန်ထမ်းတွေ အလုပ်ခွင်ပြန်မလာခင် ဝန်ထမ်းတွေအားလုံးကို ရောဂါစစ်ဆေးမှုကို ကြိုတင်ပြုလုပ်ခဲ့ကြပါသေးတယ်။ တရုတ်နိုင်ငံက ရောဂါဖြစ်ပွားမှုရဲ့အတိုင်းအတာပမာဏကို သိရဖို့အတွက် antibody စစ်ဆေးမှုတွေလည်း စတင်ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလုပ်ဆောင်ချက်မှာ ဗိုင်းရပ်စ်ကို တိုက်ဖျက်ဖို့အတွက် Antibody ကို ဖြစ်ပေါ်စေလားဆိုတာကို သိရဖို့အတွက် အဖွဲ့ကိုယ်စားပြုလူတွေဆီကနေ သွေးနမူနာကို သုတေသီတွေက .ယူတာပါဝင်ပါတယ်။

Ref: Wuhan Tests Millions in 12 Days as China Fears Second Virus Wave

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top