ဥရောပထိပ်သီး အစည်းအဝေးတက်ဖို့ မင်္ဂလာဆောင်ကို တတိယအကြိမ် ရွှေ့ဆိုင်းလိုက်တဲ့ ဒိန်းမတ်ဝန်ကြီးချုပ်

26-6-2020-yyl-026.jpg

ဒိန်းမတ်ဝန်ကြီးချုပ် ဖရက်ဒရစ်ဆင်က ဥရောပထိပ်သီး အစည်းအဝေးတက်ဖို့အတွက် သူ့ရဲ့မင်္ဂလာဆောင်ကို တတိယအကြိမ်မြောက် ဆိုင်းငံ့လိုက်ပါတယ်။ COVID-19 ပြန်လည်ထူထောင်ရေး ရန်ပုံငွေ အဆိုပြုချက်ဆိုင်ရာ ထိပ်သီးအစည်းအဝေးကို ဇူလိုင်လ ၁၇ ရက်နဲ့ ၁၈ ရက်နေ့တွေမှာ ကျင်းပသွားမှာပါ။ ဒါဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်ဆို့မှုစည်းမျဉ်းတွေ ချမှတ်ခဲ့ပြီးနောက်ပိုင်း နိုင်ငံ့ခေါင်းဆောင်တွေ တက်ရောက်မယ့် ပထမဆုံးအစည်းအဝေးဖြစ်ပါတယ်။ ဒိန်းမတ်ဝန်ကြီးချုပ် ဖရက်ဒရစ်ဆင်ဟာ ဇူလိုင်လ ၁၈ ရက်မှာ သူ့ချစ်သူ ဘိုတန်ဘာ့ဂ်နဲ့ လက်ထပ်ဖို့ စီစဉ်ထားတာပါ။

ဒါပေမဲ့ သူ့အနေနဲ့ ဒိန်းမတ်နိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရမယ့်အတွက် မင်္ဂလာပွဲကို ရွှေ့ဆိုင်းလိုက်တာလို့ ဖေ့ဘွတ်ခ်ပေါ်မှာ ရေးသားထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဒဏ် ဆိုးဆိုးရွားရွား ခံစားခဲ့ရတဲ့ နိုင်ငံတွေကို ချေးငွေပေးအပ်မယ့် အစီအစဉ်ကို ဒိန်းမတ်နိုင်ငံက ဆန့်ကျင်ထားပါတယ်။ ယူရို ၇၅၀ ဘီလျံရှိတဲ့ အဲဒီရန်ပုံငွေပမာဏက အရမ်းများလွန်းပြီး နောက်ဆုံးကျရင် ချေးငွေကို ပြန်ပေးရမှာဖြစ်လို့ ကန့်ကွက်တယ်လို့ ဒိန်းမတ်၊ ဆွီဒင်၊ သြစတြီးယားနဲ့ ဟော်လန်နိုင်ငံတို့က ဆိုပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top