ဆရာကင်္ကသူ ၏ စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်း (၈-၄-၂၀၁၈ မှ ၁၄-၄-၂၀၁၈ ရက်နေ့အထိ)

yyl-019.jpg
အပတ်စဉ် တင်ဆက်ပေးနေကျ ဗေဒင်ဟောစာတမ်း ကဏ္ဍ တင်ဆက်ပေးမယ့်အချိန် ရောက်လို့လာပြန်ပါပြီ။
ဒီတစ်ပတ်မှာလည်း ခုနှစ်ရက်သားသမီးတွေအတွက် ဆရာကင်္ကသူက ဆောင်ရန် ရှောင်ရန်တွေကို တွက်ချက် လမ်းညွှန်ပေးထားပါတယ်။
တနင်္ဂနွေ
စိတ်လိုက်မာန်ပါ ပြောမိ၊လုပ်မိခြင်းကြောင့် ပြသနာတက်တတ်သည်။ နေအိမ်မှသော်လည်းကောင်း၊ အလုပ်မှသော်လည်းကောင်း ထွက်သွားတတ်သည်။ ညီအကိုမောင်နှမများ သို့မဟုတ် အလုပ်တူအကိုင်တူတို့နှင့် အဆင်မပြေဖြစ်တက်၏။ စီပွားရေးလုပ်ငန်းများအတွင် စွန့်စားမှုများမပြုလုပ်သင့်သေးပါ။ လုပ်ငန်းတချို့ စပ်တူများကြောင့် ကတိပြုပြီးမှ မိမိဘက်မှ ပျက်ရတက်သည်။ စပ်တူရှယ်ယာများဆင်ခြင်ပါ။ အချစ်ရေးတွင် လက်ထပ်ရန် စီစဉ်ဆောင်ရွက်မှု့ အဆင်မပြေနိုင်သေးပါ။ ချစ်သူနှင့် သဘောထားမတိုက်ဆိုင်မှု ချစ်သူ၏ဖောက်ပြန်မှုများဖြစ်တက်၍ ဂရုစိုက်ပါ။ မမျှောင်လင့်ဘဲ ခရီးဝေးသွားရမည်။ အမွေရမည်။ အိမ်ပြု ပြင်မှုဖြစ်မည်။ ဝန်ထမ်းများ အထက်လူကြီးနှင့်အဆင်မပြေဖြစ်တတ်သည်။
အကျိူးပေးဂဏန်း  ၇၊ ၆၊၉
ယတြာ               သက်ကြီးရွယ်အို များအား တတ်နိုင်သလောက်လှူပေးပါ။
တနင်္လာ
စွန့်စားရသောခရီးများသွားရမယ်၊ စမ်းသပ်တီထွင်းရသော လုပ်ငန်းများဖြင့် အောင်မြင်လာမည်။ ငွေကြေးကိစ္စများတွင် တာဝန်ယူခြင်း၊အာမခံခြင်းကြောင့် တာဝန်ယူဖြေရှင်းရလိမ့်မည်။ ကျန်းမာရေးအတွက် မတော်တဆ ထိခိုက်မိခြင်းများရှိနေမည်။ လျှိ့ဝှက်ရမည် ကိစ္စတစ်ခုအတွက် တပါးသူက အထင်အမြင်လွဲမှားမှုဖြစ်လာလိမ့်မည်။ အချစ်ရေးတွင် စောင့်ကြည့်ရသောအချစ်တို့ဖြင့် ကြုံနေမည်။သို့သော် မိတ်ဆွေတို့က ကူညီမည်။ အိမ်ထောင်ရေးမှာ စိတ်ညစ်စရာများ စိတ်တိုင်းမကျမှုများဖြစ်မည်။ ဝန်ထမ်းများ နေရာသစ်၊ ဒေသသစ်တို့ရောက်ရှိမည်။ လုပ်ငန်းအသစ်တွေလုပ်ဖြစ်မည်။ လူယုံမထားသင့်ပါ။ အစိုးရ ဝန်ထမ်းများ လက်အောက်ငယ်သားကြောင့် စိတ်ညစ်ရမည်။
အကျိုးပေးဂဏန်း ၂၊၄၊၅
ယတြာ              ငါးကလေးများအားရေများသောနေရာကိုလွတ်ပါ။
အင်္ဂါ
စီးပွားရေးလုပ်ငန်းအတွက်စိုးရိမ်မှုကြောက်ရွံ့မှုများဖြစ်တတ်သောကာလဖြစ်သည်။စပ်တူလုပ်ငန်းများအတွက်သတိထားရမည်။ ကုန်ပစ္စည်းများအရောင်းကျဆင်းတတ်သည်။ဘုရားဖူးခရီးဝေးတခုသွားရပါမည်။စိတ်ချမ်းသာစရာဘာသာရေး နှင့်ဆိုင်သော ကုသိုလ်ကိစ္စများလုပ်ဆောင်ရမည်။ရပ်ဝေးမှ သတင်းကောင်းကြားရပါမည်။ အလုပ်လျှောက်ထား သူများ အလုပ်ခန့်စာရမည်။ သို့မဟုတ် ရာထူးတက်မည်။ စာမေးပွဲတွေလည်း အောင်မြင်ပါမည်။ ချစ်သူအတွက် စိတ်သောကရောက်နေမည်။ချစ်သူက မိမိချစ်သလို ပြန်မချစ်ဘူးဟု သင့်စိတ်ကထင်နေမည်။အိမ်ထောင်သည်များ အနည်းငယ်အေးစက်သောအိမ်ထောင်ရေးဖြစ်မည်။
အကျိုးပေးဂဏန်း ၃၊၅၊၈
ယတြာ              သံဃာတော် များကိုဆွမ်းလှူပါ။
ဗုဒ္ဓဟူး
ဝမ်းသာစရာများ စိ်တ်ချမ်းသာစရာများသတင်းများ ကြားရမည်။ ဘာသာရေးနှင့်ဆိုင်သောခရီးသွားဖြစ်မည်။ သွားသောခရီးများအောင်မြင်မည်။ အလုပ်အကိုင်နှင့် ပညာရေးကိစ္စများလည်းအောင်မြင်ပါလိမ့်မည်။ အချစ်ရေးကိစ္စများ ကတိများပျက်သဖြင့် ချစ်သူက စိတ်ကောက်နေတတ်သည်။ သို့သော် အဆင်ပြေပါမည်။ အိမ်ထောင်ရေးနှင့် ပတ်သတ်၍ မိဘဆွေမျိုးများကြောင့် စိတ်ညစ်ရမည်။ သို့မဟုတ် တစ်နေရာစီ ခွဲနေပြီးနေတက်သည်။ ရွှေ၊ငွေ၊အဖိုးတန်ပစ္စည်းထွက်မည်။ စက်ပစ္စည်းဝင်မည်။မနာလိုသူများတတ်သည်။ကျန်းမာရေးတွင် ဦးခေါင်းသတိထားပါ။ ကြိုးစားမှုများ စတင်အောင်မြင်မည်။ ထီထိုးပါ။ ထီပေါက်ကိန်းရှိသည်။ မိတ်ဆွေသစ်တိုးမည်။ အဝေးမိတ်ဆွေတွေ ကူညီမည်။ ငွေဝင်ကောင်းမည်။
အကျိုးပေးဂဏန်း ၄၊၉၊၆
ယတြာ               ငှက်ကလေးများကို အစာကျွေးပါ။
ကြာသပတေး
သင့်ဘဝအတွင် ရည်ရွယ်ထားသော ရည်ရွယ်ချက်များ ရည်မှန်းချက်များအောင်မြင်မည်။ ကွက်ကျော်မြင်အကဲ ခတ်ကောင်းခြင်များကြောင့် စီးပွားရေးလုပ်ငန်းများတွင် အထူး အောင်မြင်မည်။ မရောက်ဖူးသော ခရီးရောက်မည်။ ကား၊ စက်၊ အပြောင်းအလဲဝင်မည်။ ပညာရေး အတွက် ကြိုးစားနေသူများ ယထုရက်တွင် စာရင်းသွားပေးပါ။အချစ်ရေးအဆင်မပြေဖြစ်ရာမှ ပြန်အဆင်ပြေမည်။ အိမ်ထောင်ရေးကွဲနေသူများ ပြန်ပေါင်းရမည်။ ခွဲနေသောအိမ်ထောင်သည်များ ပြန်၍အတူနေဖြစ်မည်။ ကျန်းမာရေးအတွက် အစာအိမ်၊ လေနာဂရုစိုက်ပါ။ အိမ်၊ခြံ၊မြေ  အကျိုးဆောင်လုပ်ငန်းလုပ်သူများ ဂရုစိုက်ပါ။ ဝန်ထမ်းများ အထက်လူကြီး မစလိမ့်မည်။
အကျိုးပေးဂဏန်း ၂၊ ၃၊ ၆
ယတြာ              အိမ်ဘုရားတွင် သစ်သီး (၉) မျိုးလှူပါ။
သောကြာ
ရည်ရွယ်မထားသောလည်း အများက ရွေးကောက်သဖြင့် သင့်လုပ်ငန်းတွင် ရာထူး/နေရာ ရရှိလိမ့်မည်။သင်ကံကောင်းနေပါပြီ။ သင်လုပ်ခဲ့သောအလုပ် သင်ဆောင်ရွက်ခဲ့သောအလုပ် ဖြေဆိုထားသောစာမေးပွဲများအောင်မြင်မည်။ ဘဝအတွက် ယခုအချိန်သည် တိုးတက်ကြီးခြင်းအတွက် အစဖြစ်လိမ့်မည်။ သင့်ချစ်သူနှင့် လက်ထပ်ဖြစ်မည်၊ လက်ထပ်ပွဲလည်းကျင်းပရလိမ့်မည်။ အိမ်ထောင်ရေးသာယာမှုဖြစ်မည်။ ငွေစုလိုက် ပြုံလိုက်ဝင်မည်။ မြေ၊စက်၊ကားတို့ ဝင်ခြင်း၊ထွက်ခြင်းတို့ဖြစ်မည်။ မရောက်ဖူးသောခရီး မသွားဖူးသောနေရာ ရောက်မည်။ ဝန်ထမ်းများဂရုစိုက်ပါ။ ကျန်းမာရေးမှာ အစာအိမ်၊ လေနာဖြစ်တက်သည်။
အကျိုးပေးဂဏန်း  ၆၊၈၊၁
ယတြာ           အသက်ကြီးသူတစ်ဦးအား ဆေးလှူပါ။
စနေ
စီးပွားရေးအတွက် ရည်ရွယ်ချက်၊ရည်မှန်းချက်များ များနေမည်။ ရည်ရွယ်ချက်များ တပြိုင်နက်တည်းလုပ်ခြင်းထက် တခုပြီမှ တခုလုပ်ပါက အောင်မြင်မှုမြန်ဆန်မည်။ စကားပြောဆင်ခြင်ပါ။ မိမိပြောလိုက်သော စာကားအတွက် မိမိတာဝန်ယူဖြေရှင်းရကိန်းရှိသည်၊ နစ်နာနိုင်သည်။ စီးပွားရေးလုပ်ငန်း တစ်ဆင့်ပြီး တစ်ဆင့် တက်၍ အောင်မြင်မည်။ ကိုယ်ပိုင်၊ ရှယ်ယာ၊ အလုပ်များအောင်မြင်မှုရမည်။ ချစ်သူရှိသောသူများ ချစ်သူ၏သစ္စဖောက်ခြင်းခံရလိမ့်မည်။ မိဘတို့ သဘောမတူပြသနာရင်ဆိုင်ရလိမ့်မည်။ အလုပ်အကိုင် ရာထူးတက်မည်။အစိုးရဝန်ထမ်းများ အရေးကြီးစာရွက် စာတမ်းပျောက်တတ်သည်။
အကျိုးပေးဂဏန်း  ၇၊၀၊၉
ယတြာ           စနေနံနက်တွင် အိမ်ဘုရား၌ နှင်းဆီနီနီ ၇ ပွင့်ကပ်၍ ဆုတောင်းပါ။
KimKaThu
Doctoral Thesis Of Astro-Palmist.
Membership Of (H.A.P.R.I)
Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top