လေယာဉ်မောင်းနေတုန်း ထိုးကြကြိတ်ကြဖြစ်ခဲ့တဲ့ လေယာဉ်မှူးနဲ့ တွဲဖက်လေယာဉ်မှူးကို တာဝန်မှ ဆိုင်းငံ့

29-8-2022-yyl38.jpg

လေယာဉ်မောင်းနေတုန်း စက်ခန်းထဲမှာ ထိုးလားကြိတ်လား ဖြစ်ခဲ့တဲ့ ပြင်သစ်လေကြောင်းလိုင်းရဲ့ လေယာဉ်မှူးနဲ့ တွဲဖက်လေယာဉ်မှူးတို့ကို တာဝန်ကနေ ဆိုင်းငံ့လိုက်ပါပြီ။ သူတို့ဟာ ပြီးခဲ့တဲ့ဇွန်လက ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ကနေ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကို ပျံသန်းတဲ့ Airbus A320 လေယာဉ်ကို မောင်းနှင်နေရင်း ရန်ဖြစ်ခဲ့ကြတာလို့ ဆွစ်ဇာလန်သတင်းဌာန La Tribune က ဖော်ပြပါတယ်။

လေယာဉ်မှူးခန်းထဲကနေ ဆူဆူညံညံအသံတွေကြားလို့ တခြားဝန်ထမ်းတွေက သွားကြည့်တော့မှ ရန်ဖြစ်နေတာတွေ့ပြီး ဝိုင်းဆွဲခဲ့ရတာပါ။ လေယာဉ်မှူးနဲ့ တွဲဖက်လေယာဉ်မှူး ထပ်ပြီး ရန်ဖြစ်ရင် ဆွဲရအောင် ဝန်ထမ်းတစ်ယောက်က လေဆိပ်ကို လေယာဉ်ဆင်းသက်တဲ့အထိ လေယာဉ်မှူးခန်းထဲမှာ ထိုင်နေခဲ့ရပါတယ်။

သူတို့နှစ်ယောက် ရန်ဖြစ်ခဲ့တာဟာ လေကြောင်းခရီးစဉ်ကို တစ်စုံတစ်ရာ ထိခိုက်မှုမရှိစေခဲ့ဘူးလို့ La Tribune က ဖော်ပြပါတယ်။ ပြင်သစ်လေကြောင်းလိုင်းဟာ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စည်းမျဉ်းတွေနဲ့ပတ်သက်ရင် လျော့ရဲတယ်လို့ ပြီးခဲ့တဲ့အင်္ဂါနေ့မှာ ပြင်သစ်လေကြောင်းစုံစမ်းစစ်ဆေးရေးအဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီးနောက် အခုလိုဖြစ်ရပ်မျိုး ကြုံခဲ့တာပါ။

Ref: Two Air France pilots suspended after cockpit fistfight

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top