အီစတာကျွန်းလို့ဆိုလိုက်တာနဲ့ မွိုင်ကျောက်ရုပ်တုကြီးတွေရှိတဲ့ကျွန်းလို့ သိကြပါတယ်။ အခုလက်ရှိ အဲဒီကျွန်းပေါ်မှာ မွိုင်ကျောက်ရုပ်တု ၈၈၇ ခုလောက်ရှိနေပါပြီ။ တချို့က မွိုင်ကျောက်ရုပ်တုတွေက ကံကောင်းမှုတွေယူဆောင်လာတယ်လို့ယုံကြည်ကြတယ်။
ဂျပန်ဒီဇိုင်နာတစ်ယောက်ကလည်း မွိုင်ကျောက်ရုပ်တုပုံစံတစ်ရှူးထည့်ဘူးကို ဖန်တီးထားပါတယ်။ ဒီတစ်ရှူးထည့်ဘူးကတော့ ကံကောင်းမှုတွေယူဆောင်ပေးလားဆိုတာတော့ မပြောနိုင်ပါဘူး။ ဒီဇိုင်နာ ဟယ်ရို ဆုဂိမိုတိုက ဒီကျောက်ရုပ်တုတစ်ရှူးထည့်ဘူးကို အီစတာကျွန်းပေါ်က မွိုင်ကျောက်ရုပ်တုကို ပြုလုပ်ထားတဲ့ မီးတောင်ကျောက်နဲ့တူအောင် အကြမ်းခံတဲ့ ကော်စေးနဲ့ ဖန်တီးထားတာပါ။
တစ်ရှူးလိပ်ကို မွိုင်ကျောက်ရုပ်တုပုံစံဘူးနောက်ဘက်ထဲ ထည့်ပြီး ရုပ်တုရဲ့နှာခေါင်းပေါက်ကတဆင့် တစ်ရှူးစကို ဆွဲယူရတာပါ။ ဒီတစ်ရှူးထည့်တဲ့ဘူးက တခြားတစ်ရှူးထည့်တဲ့ဘူးတွေနဲ့မတူတော့ တမူထူးခြားနေပါတယ်။
Ref: Brightside “Discover a Napkin Holder That Will Bring a True Wonder of the World Into Your Home”
WL( ရိုးရာလေး )