ကမ္ဘာကျော် ကေပေါ့ပ်အဖွဲ့ BTS ရဲ့အငယ်ဆုံးအဖွဲ့ဝင် Jungkook ဟာ နိုဝင်ဘာ ၂၀ ရက်နေ့ကကွာတာနိုင်ငံမှာ ပြုလုပ်တဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားဖွင့်ပွဲအခမ်းအနားမှာ သူ့ရဲ့သီချင်းသစ် “Dreamers” နဲ့ ဖျော်ဖြေခဲ့ပါတယ်။ ဒီဖျော်ဖြေမှုအတွင်း Jungkook က အသံချိုချိုလေးနဲ့ အမိုက်စားတင်ဆက်သွားနိုင်ခဲ့ပါတယ်။ အစပိုင်းမှာ Dreamers သီချင်းကို အကသမားတွေနဲ့အတူ ဖျော်ဖြေနေရင်း နောက်ပိုင်းမှာ ကွာတာအဆိုတော် Fahad Al Kubaisi နဲ့ ပူးပေါင်းသီဆိုခဲ့တာတွေ့ခဲ့ရပါတယ်။
အဲဒီတုန်းက Jungkook ဝတ်ဆင်ခဲ့တဲ့ အနက်ရောင်ဝတ်စုံက နာမည်ကြီးဖက်ရှင်တံဆိပ်တွေပါပဲ။ လေကာဂျာကင်နဲ့ဘောင်းဘီရှည်က Versace တံဆိပ်ဖြစ်ပြီး အနက်ရောင်ဘွတ်ဖိနပ်ရှည်ကတော့ Bottega Veneta တံဆိပ်ပါ။ Versace လေကာဂျာကင်ရဲတန်ဖိုးက ဒေါ်လာ ၁၄,၇၇၅၊ Versace ဘောင်းဘီရှည်ရဲ့တန်ဖိုးကတော့ ဒေါ်လာ ၁၂၂၅ ဖြစ်ပါတယ်။ Bottega Veneta ဘွတ်ဖိနပ်ကတော့ ဒေါ်လာ ၁၆၅၀ ပါ။ ဒေါ်လာ ၇၇ တန် oneenough တံဆိပ် နားကွင်းကိုလည်း ဝတ်ဆင်ခဲ့ပါသေးတယ်။
Jungkook က ကမ္ဘာ့ဖလားမှာ ဖျော်ဖြေတင်ဆက်ခွင့်ရတဲ့ ကိုရီးယားအဆိုရှင်ဖြစ်တဲ့အပြင် သူ့ရဲ့ Dreamers သီချင်းကလည်း နိုင်ငံပေါင်း ၁၀၀ ကျော်က itunes ဇယားမှာ နံပါတ် ၁ ရရှိထားပါတယ်။ ဒါတင်မကသေးပဲ အဲဒီသီချင်းက Audio ထွက်ရှိပြီး၂၄ နာရီအတွင်း စံချိန်အများကြီးချိုးခဲ့တယ်လို့လည်း သိရပါတယ်။ Jungkook နဲ့ ကွာတာအဆိုတော် Fahad Al Kubaisi တို့သီဆိုထားတဲ့ Dreamer သီချင်း MV က နိုဝင်ဘာ ၂၂ ရက်နေ့ ထွက်ရှိမှာဖြစ်ပါတယ်။
Photo – Stylish BTS’s Ig
Ref: Inkistyle “BTS Jungkook Looking Fly In His Dazzling Outfit For The ‘Dreamers’ Performance At The 2022 FIFA World Cup Opening Ceremony”
WL( ရိုးရာလေး )