ထိုင်းနိုင်ငံက အသက် ၄၅ နှစ်အရွယ် ထိုင်းအမျိုးသားတစ်ဦးဟာ သမီးဖြစ်သူရဲ့ကျောင်းဝတ်စုံအတွက် ငွေရှာဖို့ ကြံခင်းမှာ အလုပ်လုပ်နေစဉ် မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။
ဒီဖြစ်ရပ်ဟာ ၂၀၂၆ ခုနှစ် မေလ ၇ရက်နေ့က ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ဘူရီရမ်ပြည်နယ်မှာ ဖြစ်ပွားခဲ့တာပါ။ ရဲစခန်းက မွန်းလွဲ ၂ နာရီမှာ ဖြစ်ရပ်နဲ့ပတ်သက်ပြီး အစီရင်ခံစာရရှိခဲ့ပါတယ်။
Sunthorn Kaenninthon ဆိုတဲ့ သေဆုံးသူအမျိုးသားဟာ ကြံခင်းထဲက သဖန်းပင်တစ်ပင်အောက်မှာ မျက်နှာမှောက်လျက်အနေအထားနဲ့ မေ့မြောနေပြီး ဦးခေါင်းမှာလည်း မီးလောင်ခံထားရပါတယ်။ ဆေးရုံမပို့ခင် အရေးပေါ်ကုသမှုတွေလုပ်ဆောင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ သေဆုံးသွားခဲ့ပါတယ်။
Sunthorn Kaenninthonဟာ ကြံခင်းထဲက ပေါင်းပင်တွေကို ရှင်းလင်းဖို့ ငှားရမ်းခံခဲ့ရတဲ့အလုပ်သမားတွေထဲက တစ်ဦးပါ။ ၄ တန်းတက်မယ့် အသက် ၉ နှစ်အရွယ် သမီးဖြစ်သူအတွက် ကျောင်းမဖွင့်ခင် ကျောင်းဝတ်စုံဝယ်ဖို့ ငွေလိုအပ်နေခဲ့တာပါ။ မိုးကြိုးပစ်ခံရတဲ့နေ့ နေ့လည်စာစားပြီးတဲ့နောက် Sunthorn ဟာ ပေါက်တူးတစ်ချောင်းကို ပြန်ယူဖို့ သစ်ပင်တစ်ပင်ဆီ ဦးတည်သွားနေခဲ့တာပါ။ ပေါက်တူးကို ကောက်ယူနေတုန်း မိုးကြိုးပစ်ခံခဲ့ရတာဖြစ်ပါတယ်။
သူက မိသားစုအတွက် အထူးသဖြင့် သူ့သမီးဖြစ်သူရဲ့ကျောင်းစရိတ်အတွက် ငွေရှာဖို့ ဘယ်အလုပ်မဆိုလုပ်တဲ့ အလုပ်ကြိုးစားတဲ့သူဖြစ်ပါတယ်။ အခုဆို သူတို့မိသားစုဟာ အဓိကငွေရှာသူမရှိဘဲ ဘယ်လိုရပ်တည်မလဲမသိသေးပါဘူး။ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ခရိုင်အိမ်ရှင်မများအသင်းရဲ့ဥက္ကဋ္ဌတို့ကတော့ ကျန်ရစ်သူမိသားစုကို ဘတ် ၅၀၀၀ လှူဒါန်းပေးအပ်ထားပါတယ်။
Ref: Thai man, 45, dies from lightning strike while working in field to earn money for daughter’s uniform
WL (ရိုးရာလေး)

