ဟောင်ကောင်မင်းသားကြီး တိုနီလောင်ရဲ့ ကန်ဒေါ်လာ ၁.၂၈ သန်းကျော်တန်ဖိုးရှိ Porsche ကား

car.jpg

အသက် ၆၄ နှစ်အရွယ် ဟောင်ကောင်မင်းသားကြီး တိုနီလောင်ဟာ ကားချစ်မြတ်နိုးတဲ့သူအဖြစ်လည်း နာမည်ကြီးပါတယ်။ သူ ကားတွေအပေါ် နှစ်သက်မှုကလည်း အထင်ကြီးစရာပါပဲ။ မကြာသေးခင်က တိုနီဟာ ဟောင်ကောင်မှာ ကျင်းပတဲ့ Morning Drive ကားပွဲတော်မှာ Porsche 993 Gunther Werks ကားနဲ့ ရောက်ရှိလာခဲ့တာပါ။

ကားဝါသနာရှင်တွေအတွက် Morning Drive မှာ သူတို့ရဲ့တန်ဖိုးကြီးကားတွေကို မောင်းနှင်ပြီး လမ်းတစ်လျှောက်မှာ ဓာတ်ပုံဆရာတွေက ကားတွေကို ရိုက်ကူးဖို့ စောင့်ဆိုင်းနေကြရပါတယ်။ ဓာတ်ပုံဆရာတော်တော်များများက တိုနီရဲ့ Porsche ကားကို ရိုက်ကူးနိုင်ခဲ့ပါတယ်။ ကားကပဲ သူတို့ကို စိတ်လှုပ်ရှားစေခဲ့တာမဟုတ်ဘဲ အဲ့ဒီကားမောင်းလာတာက တိုနီလောင်ဖြစ်နေတာကိုလည်း သူတို့ သိသွားခဲ့ရပါတယ်။

“မိုက်တာပဲ… ဒါက တိုနီလောင်ပဲ။ ကားရော လူရော အရမ်းမိုက်တာပဲ”လို့ ဓာတ်ပုံဆရာတစ်ယောက်က အော်ဟစ်ပြောဆိုခဲ့ပါတယ်။ နောက်တစ်ယောက်ကလည်း “တိုနီကို ဓာတ်ပုံရိုက်ခွင့်ရတာကို မယုံနိုင်ဘူး။ ဒီလိုဖြစ်လာမယ်လို့ တစ်ခါမှ အိပ်မက်တောင်မမက်ဖူးဘူး။ မယုံနိုင်လောက်အောင် မိုက်တယ်”လို့ ပြောပါတယ်။

တိုနီရဲ့ Porsche 993 က ရှားပါးပြီး ကားအစီးရေ ၂၅ ကားပဲ ထုတ်ထားတာပါ။ ဒီကားက ကန်ဒေါ်လာ ၁.၂၈ သန်းကျော် တန်ဖိုးရှိတယ်လို့ သိရပါတယ်။ ဈေးကွက်အချက်အလက်တွေအရ အဲ့ဒီမော်ဒယ်ရဲ့ အမြင့်ဆုံးစံချိန်တင်ပြည်ပရောင်းချမှုဈေးနှုန်းကတော့ ကန်ဒေါ်လာ ၁.၆၄ သန်းရှိတယ်လို့ ဆိုပါတယ်။

Ref : Tony Leung’s Rare Porsche Is Reportedly Worth At Least S$1.6mil — And Only 25 Were Made

WL (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top