သူ ကိုယ်ခံပညာပြိုင်ပွဲဝင်ပြိုင်နေတာကို မကြည့်လိုက်ရခင် ဖခင် သေဆုံးသွားခဲ့လို့ သားဖြစ်သူက နာရေးအခမ်းအနားမှာ ကိုယ်ခံပညာပြသခဲ့

far.jpg

မလေးရှားနိုင်ငံက ဖခင်တစ်ဦးဟာ အသက် ၁၀ နှစ်အရွယ်သားဖြစ်သူရဲ့ ကိုယ်ခံပညာပြိုင်ပွဲကို သွားရောက်ကြည့်ရှုဖို့ စီစဉ်ထားခဲ့ပေမဲ့ ပြိုင်ပွဲမတိုင်ခင် ရက်အနည်းငယ်အလို ဩဂုတ်လ ၂၈ ရက်နေ့မှာ ဦးနှောက်သွေးယိုစိမ့်မှုကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။ သားဖြစ်သူက နောက်ဆုံးနှုတ်ဆက်တဲ့အနေနဲ့ ဖခင်ရဲ့နာရေးအခမ်းအနားမှာ ကိုယ်ခံပညာပြသခဲ့ပါတယ်။

ဖခင်ရဲ့နာရေးအခမ်းအနားမှာ ၁၀ နှစ်သားလေးက ဆွေမျိုးတွေရှေ့ စိတ်ပါလက်ပါနဲ့ ကိုယ်ခံပညာပြသတင်ဆက်ပေးခဲ့တာပါ။ မိခင်ဖြစ်သူက လိုအပ်တဲ့သူတွေကို ကူညီပေးဖို့ ဖခင်ရဲ့ကိုယ်တွင်းအင်္ဂါတွေကို လှူဒါန်းဖို့ ဆုံးဖြတ်ထားပါတယ်။ ကိုယ်တွင်းအင်္ဂါလှူဒါန်းမှုက လူနာ ၁၀ ဦးကို ကူညီပေးနိုင်ဖို့ မျှော်လင့်ရပါတယ်။

ကျန်ရစ်သူ ဇနီး၊ သားတစ်ဦးနဲ့ သမီးနှစ်ဦးအတွက် မလက္ကာမြို့တော်လွှတ်တော်အမတ် Khoo Poay Tiong က ငွေကြေးထောက်ပံ့မှုတွေ ပြုလုပ်ပေးခဲ့သလို လူမှုဖူလုံရေးအဖွဲ့အစည်းတွေကလည်း ကူညီပေးနေပါတယ်။ သူတို့မိသားစုက တစ်လကို စင်ကာပူဒေါ်လာ ၃၁၄ ရရှိမှာဖြစ်ပါတယ်။

Ref: M’sia man, 45, dies days before watching son, 10, in martial arts competition, son performs at funeral

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top