နာမည်ကြီးဆယ်လီတွေနဲ့ကာတွန်းဇာတ်ကောင်တွေကို အစားအစာနဲ့ပုံဖော်ထားတဲ့ ပန်းချီပညာရှင်ရဲ့လက်ရာများ

13-12-2022-yyl01-1.jpg

ဘက်တီဝှိုက်

ဆာရက်ချ် လက်စ်ရာဝက်တ် ဘီချ်က အစားအစာတွေနဲ့ ရုပ်ပုံတွေ ပုံဖော်တဲ့ ဗြိတိန်အခြေစိုက် ပန်းချီပညာရှင်တစ်ယောက်ပါ။ သူဟာ အာဖရိကမှာ ၇ နှစ်ကျော်နေထိုင်ခဲ့ပြီး အဲဒီမှာ အစားအသောက်ထုတ်လုပ်သူအများအပြားနဲ့ အလုပ်လုပ်ခဲ့တာပါ။ အစားအစာက ဆာရက်ချ်ရဲ့ဝါသနာဖြစ်နေခဲ့တာပါ။ သူက ချောကလက်အမှတ်တံဆိပ်တစ်ခုရဲ့ပူးတွဲတည်ထောင်သူဖြစ်တဲ့အပြင် လတ်ဆတ်တဲ့ အသီးတွေနဲ့ ဟင်းသီးဟင်းရွက်အမျိုးအစားအစုံကို အသုံးပြုပြီး သရုပ်ဖော်ပုံတွေလည်း ဖန်တီးပါတယ်။

သူ့ရဲ့ဖန်တီးမှုတွေကို “Edible Food Art for Kids” ဆိုတဲ့ သူ့ရဲ့အင်စတာဂရမ်အကောင့်မှာရော အခြားအင်စတာဂရမ်ပေ့ချ်တော်တော်များများမှာ မြင်တွေ့ရနိုင်ပါတယ်။ သူ့ရဲ့လက်ရာတွေကို သတင်းမီဒီယာတွေမှာလည်း ဖော်ပြကြပါတယ်။ အခု သူ့ရဲ့လက်ရာတွေထဲကမှ အစားအစားတွေနဲ့ပုံဖော်ထားတဲ့ နာမည်ကြီးဆယ်လီတွေနဲ့ကာတွန်းပုံလက်ရာတွေကို စာဖတ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ရပါတယ်။

လူကာ ပါဂူရို (Luca)
ကာလ်နဲ့ အယ်လီ ဖရီဒရစ်ဆန် (Up)
Bashful (Snow White and the Seven Dwarfs)
အဲလ်ဘတ် အိုင်းစတိုင်
ဖရက်ဒ် နဲ့ ဝီလ်မာ ဖလင်စတုန်း (The Flintstones)
Tigger and Winnie the Pooh (The Many Adventures of Winnie the Pooh)
တီမွန်နဲ့ ပွန်ဘာ (The Lion King)
Taz (Taz-Mania)
Pink Panther (The Return of the Pink Panther)
The Simpsons
Stitch (Lilo & Stitch)
မိုက်ခ် ဝါဇိုစကီ (Monsters, Inc)
ဆင်မ်ဘာ နဲ့ နာလာ (The Lion King)

Ref: Brightside “A Food Artist Recreates Iconic Celebs and Popular Cartoons While Showing Us Her Remarkable Talent”

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top