သူငယ်ချင်း မိတ်ဆွေတွေအကြားမှာ ကောင်းမွန်တဲ့ပေါင်းသင်းဆက်ဆံရေး ဘာကြောင့်ရေရှည်မခံသလဲ
နေ့စဉ်ဖြတ်သန်းနေရတဲ့ အချိန်တွေမှာ မိသားစုနဲ့နေရတာထက် လုပ်ဖော်ကိုင်ဖက်တွေ၊ အပေါင်းအသင်းသူငယ်ချင်းတွေနဲ့အတူတူ ကုန်ဆုံးရတဲ့ အချိန်က ပိုများပါတယ်။ ဒီလိုနေရတဲ့အချိန်တွေမှာ အပေါင်းအသင်းအချင်းချင်းကြား (ကလေးအရွယ်မဟုတ်ပါဘဲ အရွယ်ရောက်ပြီးတဲ့သူတွေဆီမှာတောင်) ‘သူကဟိုလူ့ကိုတော့ပိုခင်တယ် ငါ့ကိုတော့သိပ်မခင်ဘူး ဟိုလူ့ကိုတော့အရေးပေးတယ် ငါ့ကိုတော့ပစ်ထားတယ်’ အစရှိတဲ့ အတွေးတွေက ရံဖန်ရံခါ ဝင်ရောက်လာတတ်ပါတယ်။…

