14.3.2023-yyl-iamge-2.jpg

သရုပ်ဆောင်အလုပ်ကနေ နှစ် ၂၀ ကြာ အနားယူခဲ့ပြီးတစ်ကျော့ပြန်ဝင်ရောက်ခဲ့ရာမှ အော်စကာဆုရှင်ဖြစ်လာခဲ့သူ

“အမေ…ကျွန်တော် အော်စကာဆုရသွားပြီ”လို့ ဝမ်းသာပီတီမျက်ရည်တွေကျပြီး ပြောခဲ့တဲ့သူက ဗီယက်နမ်ဖွား မင်းသားကီဟွေးကွမ်ပါပဲ။ သူဟာ ၉၅ ကြိမ်မြောက်အော်စကာဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို ရသွားခဲ့တာပါ။ သူ အော်စကာဆု မရခင်က လှေနဲ့ ဗီယက်နမ်ကနေ ထွက်ပြေးတယ်။ ဒုက္ခသည်စခန်းတစ်ခုမှာ ၁ နှစ်နေခဲ့ရတယ်။…

13.3.2023-yyl-iamge-4.jpg

ဒုတိယအကြိမ်ထပ်ပြီး ထီပေါက်ခဲ့သူ

ဝီလျံ ဒန်နီရယ်လ် ဂျုနီယာဆိုသူ အမျိုးသားဟာ ပြီးခဲ့တဲ့အပတ်က ဒေါ်လာ ၅၀၀၀၀ ထီဆုကြီးပေါက်ခဲ့ပါတယ်။ ဒါက ဒုတိယအကြိမ်ထီပေါက်တာပါ။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလတုန်းကလည်း ဒေါ်လာ ၁၀၀၀၀၀ ထီဆုကြီးပေါက်ခဲ့ဖူပါတယ်။ သူ့ရဲ့ဆံပင်ရှည်တွေက အခုလိုထီပေါက်အောင် ကံကောင်းမှုတွေယူဆောင်ပေးတဲ့အရာဖြစ်တယ်လို့ မှတ်ယူထားပါတယ်။…

13.3.2023-yyl-iamge-3.jpg

ဘိုင်ရာဗာမင်းသားပါဝင်ထားတဲ့ ဇာတ်ကားရဲ့ ဇာတ်ဝင်သီချင်း အော်စကာဆု ရရှိ

ဘိုင်ရာဗာမင်းသား ရာမ်ချာရန် ပါဝင်သရုပ်ဆောင်ထားတဲ့ RRR ဇာတ်ကားရဲ့ Naatu Naatu ဇာတ်ဝင်သီချင်းဟာ အကောင်းဆုံးမူရင်းသီချင်းဆုအမျိုးအစားနဲ့ အော်စကာဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။ ဒါရိုက်တာ အက်စ်အက်စ်ရာဂျာမိုလီရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားရဲ့ Naatu Naatu သီချင်းက နိုင်ငံတကာဆုပေးပွဲကြီးဖြစ်တဲ့ အော်စကာဆုပေးပွဲမှာ အခုလိုဆုကြီးကို…

10.3.2023-yyl-iamge-9.jpg

အဆိုတော်တေလာဆွစ်ဖ်အတွက် ယာယီနာမည်ပြောင်းမယ့် မြို့တစ်မြို့

ထွက်သမျှသီချင်းတိုင်း၊ သီချင်းအယ်လ်ဘမ်တိုင်း ပေါက်တဲ့ ကမ္ဘာကျော်အဆိုတော် တေလာဆွစ်ဖ်ဟာ ကမ္ဘာလည့်ဖျော်ဖြေပွဲအနေနဲ့ အခုလထဲ ဂလန်ဒါလီမြို့မှာ ဖျော်ဖြေတင်ဆက်မှာဖြစ်ပါတယ်။ State Farm Stadium မှာ ဖျော်ဖြေမယ့် တေလာဆွစ်ဖ်ကို ဂုဏ်ပြုကြိုဆိုဖို့အတွက် ဂလန်ဒါလီမြို့က ထူးထူးခြားခြားအရာတစ်ခုလုပ်ဆောင်မယ်လို့ သိရပါတယ်။ အဲ့ဒီမြို့က…

10.3.2023-yyl-iamge-5.jpg

သူတို့ရဲ့မင်္ဂလာပွဲမှာ မှတ်ဉာဏ်ချို့ယွင်းတဲ့​ရောဂါဖြစ်နေတဲ့အဘွားဖြစ်သူကို ပါဝင်ဆင်နွှဲစေချင်တဲ့အတွက် မင်္ဂလာပွဲတစ်ခုပြန်ဖန်တီးပေးခဲ့တဲ့စုံတွဲ

အဘိုးအဘွားတွေက သူတို့မြေးလေးတွေရဲ့နေ့ထူးနေ့မြတ်မင်္ဂလာအချိန်အခါမှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်ခွင့်ရဖို့ အမြဲမျှော်လင့်နေကြတာပါ။ အလားတူစွာပဲ မြေးတွေကလည်း သူတို့ရဲ့မင်္ဂလာပွဲမှာ အဘိုးအဘွားတွေကို ရှိနေစေချင်ခဲ့ကြတာပါ။ အသက် ၈၆ နှစ်အရွယ် လစ်ဇ် ဂျိုဘေးဆိုတဲ့ အမျိုးသမီးဆိုရင် မှတ်ဉာဏ်ချို့ယွင်းတဲ့ရောဂါကြောင့် သူ့ရဲ့မြေးမလေးမင်္ဂလာဆောင်မှာ ရှိမနေနိုင်ခဲ့ရပါဘူး။ ဒါပေမဲ့…

9.3.2023-yyl-iamge-12.jpg

သရုပ်ဆောင်အလုပ်ထက် အဆိုနဲ့အကကို ပိုစိတ်ဝင်စားတဲ့ အက်ရှင်မင်းသားကြီးဒွန်နီယန်းရဲ့သမီး

ဟောင်ကောင်ထိပ်တန်းအက်ရှင်မင်းသားတွေထဲက တစ်ယောက်ဖြစ်တဲ့ ဒွန်နီယန်းမှာ ကလေး (၃) ယောက်ရှိတာပါ။ ရည်းစားဟောင်းနဲ့ ရထားတဲ့ သားတစ်ယောက်အပြင် လက်ရှိဇနီးနဲ့ရထားတဲ့ သမီးတစ်ယောက်၊ သားတစ်ယောက်လည်းရှိပါတယ်။ အခု သူ့ကလေးတွေထဲက တစ်ဦးတည်းသောသမီးလေးအကြောင်းကို စာဖတ်ပရိသတ်တွေကို မျှဝေပေးချင်ပါတယ်။ ဒွန်နီရဲ့တစ်ဦးတည်းသောသမီးလေးက ဂျက်စမင်ယန်းပါ။ ဂျက်စမင်ယန်းကို…

9.3.2023-yyl-iamge-9.jpg

သူ ဒဏ်ရာပြင်းထန်စွာရခဲ့စဉ်က ကူညီပေးခဲ့တဲ့ မီးသတ်သမားကို ကျေးဇူးတင်ကြောင်းပြသဖို့ စက်ဘီးနဲ့ မိုင် ၁၀၀ ခရီးနှင်ဖို့ စီစဉ်ထားတဲ့ ၁၁ နှစ်သားလေး

အသက် ၁၁ နှစ်အရွယ် ကောင်လေးဟာ သူ ခြေထောက်ဒဏ်ရာပြင်းထန်စွာရခဲ့တဲ့အချိန်က ကူညီပေးခဲ့တဲ့ မီးသတ်သမားကို ကျေးဇူးတင်ကြောင်းပြသဖို့အတွက် စက်ဘီးနဲ့ မိုင် ၁၀၀ ခရီးနှင်ဖို့ စီစဉ်ထားပါတယ်။ ဝီလျံ ဂို့ချ်ဆိုတဲ့ အဲ့ဒီကောင်လေးဟာ ၂၀၂၂ ခုနှစ် ဇူလိုင်လက…

9.3.2023-yyl-iamge-1.jpg

အသက်ကယ်ပေးခဲ့တဲ့သူရဲ့အနားကနေထွက်မသွားဘဲ ခင်တွယ်နေတဲ့ ကြိုးကြာငှက်

လွန်ခဲ့တဲ့ ၁ နှစ်က မိုဟာမတ် အာရီဖ်ဆိုသူ အမျိုးသားဟာ ​ခြံတစ်ခြံမှာ အလုပ်လုပ်ရင်းလယ်ကွင်းတစ်ခုမှာ ဒဏ်ရာရထားလို့ ဘယ်ခြေကျိုးနေတဲ့ ကြိုးကြာငှက်တစ်ကောင်ကို တွေ့ခဲ့တယ်။ အဲ့ဒီ​နောက်ကြိုးကြာငှက်ကို အိမ်ခေါ်သွားပြီး အိမ်တွင်းကုသနည်းတွေနဲ့ ကျန်းမာလာအောင် ကုသပေးခဲ့တယ်။ သူ့ရဲ့ဂရုစိုက်ကုသပေးမှုကြောင့် ကြိုးကြာငှက်က ၆…

8.3.2023-yyl-iamge-11.jpg

မင်္ဂလာပွဲအပြီး သူ့ရဲ့ဖျော်ဖြေပွဲကို အပြေးရောက်လာခဲ့တဲ့ သတို့သမီးရဲ့မင်္ဂလာဂါဝန်ပေါ်မှာ အမှတ်တရလက်မှတ်ရေးထိုးပေးခဲ့တဲ့ အဒဲလ်

မကြာသေးခင်ကမှ ကမ္ဘာကျော်အဆိုတော်အဒဲလ်ဟာ မင်္ဂလာပွဲအပြီး သူ့ရဲ့ဖျော်ဖြေပွဲကို အပြေးရောက်လာခဲ့တဲ့ စုံတွဲတစ်တွဲရဲ့အိပ်မက်တွေကို ဖြည့်ဆည်းပေးဖြစ်ခဲ့ပါတယ်။ အီဗန်နဲ့ ဂါဘီ ကိုရစ်တို့စုံတွဲက သူတို့ရဲ့မင်္ဂလာပွဲအပြီးမှာ လပ်ဗီးဂပ်စ်မြို့ က Caesars Palace မှာ ပြုလုပ်နေတဲ့ အဒဲလ်ရဲ့ဖျော်ဖြေပွဲကို ရောက်ချလာခဲ့တာပါ။ အဒဲလ်က…

8.3.2023-yyl-iamge-8.jpg

ဗြိတိန်ရဲ့ အသက်ငယ်ဆုံးဘတ်စ်ကားမောင်းသမားဖြစ်လာတဲ့ ဆယ်ကျော်သက်

ဆယ်ကျော်သက်ကောင်လေး လုခ် ဘရောင်းဟာ အသက် ၁၈ နှစ်မှာ ယာဥ်မောင်းစာမေးပွဲဖြေဆိုပြီးနောက် ဗြိတိန်ရဲ့အသက်ငယ်ဆုံးဘတ်စ်ကားမောင်းသမားဖြစ်လာခဲ့ပါတယ်။ အခုဆို သူဟာကိုဗင်ထရီမြို့မှာ National Express အတွက် အရည်အချင်းပြည့်မီတဲ့ဘတ်စ်ကားမောင်းသမားဖြစ်နေပါပြီ။ ကားမောင်းတာနဲ့ပတ်သက်ပြီး အရာအားလုံးနှစ်သက်သဘောကျတယ်လို့ လုခ်က ဆိုပါတယ်။ လုခ်ကို ဘတ်စ်ကားမောင်းသမားအဖြစ်…