22-11-2022yyl24.jpg

ကိုယ့်ကိုယ်ကိုအဆုံးစီရင်ဖို့ ကြိုးစားနေတဲ့ အမျိုးသမီးကို ကယ်တင်ဖို့ အေးခဲနေတဲ့ရေထဲ ခုန်ချခဲ့တဲ့အမျိုးသား

စုံတွဲတစ်တွဲရဲ့ကိုယ်ကျိုးမဖက်တဲ့လုပ်ရပ်ဟာ သူစိမ်းတစ်ယောက်ရဲ့ဘဝကို ပြောင်းလဲသွားစေခဲ့ပါတယ်။ ဒိန်း အန်ဇီနဲ့သူ့ဇနီးတို့ဟာ သူတို့ရဲ့နှစ်ပတ်လည်နေ့အပန်းဖြေခရီးပြီးဆုံးလို့ ပြန်လာပြီး အမျိုးအိမ်မှာ ထားခဲ့တဲ့ သူတို့ရဲ့ကလေးတွေကို သွားခေါ်တဲ့အချိန် သူစိမ်းတစ်ယောက်ရဲ့အသက်ကို ကယ်တင်ခဲ့လို့ပါပဲ။ အသက်၃၆ နှစ်အရွယ် ဒိန်း အန်ဇီဟာ နိုဝင်ဘာ ၁၂ ရက်နေ့က…

22-11-2022yyl01-1.jpg

ဂျပန်အသင်းမပြိုင်ရသေးပေမဲ့ အခြားအသင်းပြိုင်ပွဲအပြီးမှာ ဂျပန်ပရိသတ်တွေက အမှိုက်တွေကောက်ပေးခဲ့ကြ

ဂျပန်ပရိသတ်တွေဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူတို့နိုင်ငံဘောလုံးအသင်း မယှဉ်ပြိုင်သေးပေမဲ့ အခြားအသင်းတွေယှဉ်ပြိုင်ကစားအပြီးမှာ အမှိုက်ကောက်သိမ်းပေးဖို့ နောက်ဆုံးအထိ နေပေးခဲ့ပါတယ်။ ကမ္ဘာ့ဖလားဖွင့်ပွဲနေ့က အီကွေဒေါနဲ့ ကာတာပွဲစဉ်အပြီးမှာ မသိမ်းဘဲ ချန်ထားရစ်ခဲ့တဲ့ ခွက်တွေ၊ အမှိုက်တွေကို အမှိုက်အိတ်တွေနဲ့ ဂျပန်ပရိသတ်တွေ ကောက်သိမ်းနေတာကို မြင်တွေ့ရပါတယ်။ ဂျပန်နိုင်ငံက…

22-11-2022yyl01.jpg

ကမ္ဘာ့ဖလားဖွင့်ပွဲမှာ Jungkook ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံတန်ဖိုး

ကမ္ဘာကျော် ကေပေါ့ပ်အဖွဲ့ BTS ရဲ့အငယ်ဆုံးအဖွဲ့ဝင် Jungkook ဟာ နိုဝင်ဘာ ၂၀ ရက်နေ့ကကွာတာနိုင်ငံမှာ ပြုလုပ်တဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားဖွင့်ပွဲအခမ်းအနားမှာ သူ့ရဲ့သီချင်းသစ် “Dreamers” နဲ့ ဖျော်ဖြေခဲ့ပါတယ်။ ဒီဖျော်ဖြေမှုအတွင်း Jungkook က…

21-11-2022yyl34.jpg

သိပ္ပံနည်းကျတွက်ချက်မှုအရ ၂၀၂၂ ရဲ့ဆက်စီအကျဆုံးထိပ်ပြောင်အမျိုးသား (၁၀) ဦး

သိပ္ပံနည်းကျတွက်ချက်မှုအရ ၂၀၂၂ ခုနှစ်ရဲ့ဆက်စီအကျဆုံးထိပ်ပြောင်အမျိုးသား (၁၀) ဦးထွက်ပေါ်လာခဲ့ပါတယ်။ လေ့လာချက်တစ်ခုက ဘယ်သူတွေဟာ ဆက်စီအကျဆုံးအမျိုးသားတွေဖြစ်မလဲဆိုတာ သိရဖို့အတွက် ရွှေအချိုးအစားကို ထည့်သွင်းစဉ်းစားရုံသာမက အရပ်အမောင်း၊ အသားတင်ကြွယ်ဝချမ်းသာမှု၊ အများသူဌာထင်မြင်ချက်လို အခြားရှုထောင့်အမျိုးမျိုးတွေနဲ့လည်း တွက်ချက်ခဲ့တာပါ။ ဒီ (၁၀) ဦးမှာ နာမည်ကြီးသရုပ်ဆောင်အများစုပါဝင်ပါတယ်။…

21-11-2022yyl18.jpg

၃ ပတ်စောပြီး မီးဖွားတော့မယ့် မိခင်ဖြစ်သူကို ကလေးမွေးလို့ရအောင် ကူညီပေးခဲ့တဲ့ ၁၀ နှစ်သမီးလေး

၁၀ နှစ်အရွယ်ကလေးမလေးတစ်ယောက်က မီရကယ် (Miracle) ဆိုတဲ့ နာမည်နဲ့လိုက်အောင် အံ့ဖွယ်စွမ်းဆောင်နိုင်စွမ်းတွေပြခဲ့ပါတယ်။ (၃) ပတ်စောပြီး မီးဖွားတော့မယ့် မိခင်ဖြစ်သူကို ကလေးမွေးလို့ရအောင် မီရကယ်က ကူညီပေးခဲ့တာပါ။ အောက်တိုဘာ ၂၃ ရက်နေ့က မီရကယ်ရဲ့မိခင်ဖြစ်သူ ဗွိုင်လာ ဖယ်ဟာ…

18-11-2022yyl13.jpg

အန္တာတိကတိုက်တခွင် မိုင်ပေါင်း ၁၁၀၀ ကျော် တစ်ကိုယ်တော်ခြေလျင်ခရီးနှင်နေသူ

ဗြိတိန်လူမျိုးအမျိုးသမီးတစ်ဦးဟာ တစ်ကိုယ်တော်ခြေလျင်ခရီးနှင်တဲ့ ပထမဆုံးအမျိုးသမီးဖြစ်လာဖို့ မျှော်လင့်ရင်း အန္တာတိကတိုက်တစ်ခွင် မိုင် ၁၁၀၀ ကျော် ခရီးကို စတင်နေပါပြီ။ အသက် ၃၂ နှစ်အရွယ် ပရီဒ် ချန်ဒီဆိုတဲ့ အဲဒီအမျိုးသမီးက ဒီခရီးစဉ်ကို မကြာသေးခင်ကမှ စတင်ခဲ့တာပါ။ ဘယ်အရာမှ…

18-11-2022yyl09.jpg

ဇာတ်ကားတွေမှာ ပြန်လည်ပါဝင်ဖို့ လုပ်နေတဲ့ နာမည်ကြီးအိန္ဒိယဇာတ်ကား Taare Zameen Par ရဲ့ကလေးသရုပ်ဆောင်

လွန်ခဲ့တဲ့ ၁၅ နှစ်ကထွက်ရှိခဲ့ပြီး အမီရာခမ်းကိုယ်တိုင်ပါဝင်ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ နာမည်ကြီးအိန္ဒိယဇာတ်ကား Taare Zameen Par မှာ ပါဝင်ခဲ့တဲ့ ကလေးသရုပ်ဆောင်လေးကို မှတ်မိကြမယ်ထင်ပါတယ်။ အဲဒီကလေးသရုပ်ဆောင်လေးက မင်းသား ဒါရှီးလ် ဆဖရေဖြစ်ပြီး အဲဒီတုန်းက သူဟာ အသက် ၁၀…

18-11-2022-yyl01.png

သူ့ကို ကယ်တင်ပေးခဲ့တဲ့ အမျိုးသမီးကို မမေ့ဘဲ နေ့တိုင်း အိမ်လာပြီး ဆော့ကစားလေ့ရှိတဲ့ ရှဉ့်လေး

တိရစ္ဆာန်လေးတွေက သူတို့အပေါ် ဂရုဏာထားပြီး ချစ်ခြင်းမေတ္တာနဲ့ ဆက်ဆံတဲ့ လူသားတွေကို ဘယ်တော့မှ မမေ့ကြဘူးဆိုတဲ့ သာဓကတွေ အများကြီးရှိပါတယ်။ ဆင်မြူရယ်လို့ ခေါ်တဲ့ ရှဉ့်လေးတစ်ကောင်ကလည်း သူ့အသက်ကို ကယ်တင်ပေးခဲ့တဲ့ လူတွေကို မမေ့ခဲ့ပါဘူး။ သူ့ကို ခရစ်စီဆိုတဲ့ အမျိုးသမီးမိသားစုက…

16-11-2022yyl02.jpg

ဖိလစ်ပိုင်ကလေးငယ်လေးကို ကမ္ဘာ့လူဦးရေရဲ့ ၈ ဘီလျံမြောက်လူသားအဖြစ် သတ်မှတ်

ဖိလစ်ပိုင်နိုင်ငံမှာ မနေ့က မွေးဖွားခဲ့တဲ့ ကလေးမလေးနဲ့ ကမ္ဘာ့လူဦးရေ ၈ ဘီလျံပြည့်မြောက်သွားခဲ့ပါတယ်။ ကုလသမဂ္ဂက ဗီနစ် မာဘန်ဆာဂျ်ဆိုတဲ့ အဲဒီကလေးလေးကို ကမ္ဘာ့လူဦးရေ ၈ ဘီလျံပြည့်မြောက်တဲ့ သင်္ကေတမှတ်တိုင်အဖြစ် ရွေးချယ်သတ်မှတ်ခဲ့တာပါ။ ကမ္ဘာ့လူဦးရေ ၇ ဘီလျံပြည့်မြောက်ပြီး ၁၁…

15-11-2022yyl09.jpg

အခက်အခဲဖြစ်နေတဲ့ ၁၂ နှစ်အရွယ် မသန်စွမ်းကောင်မလေးရဲ့မိခင်ဖြစ်သူကို ဒေါ်လာ ၂၀,၀၀၀ လှူဒါန်းတဲ့ ကိတ်ဝင်းစလက်

တိုင်တန်းနစ်မင်းသမီး ကိတ်ဝင်းစလက်ဟာ အခုနှစ်ဆောင်းရာသီမှာ တဟုန်ထိုးတက်နေတဲ့ စွမ်းအင်ဈေးနှုန်းတွေကြောင့် အခက်အခဲဖြစ်နေတဲ့ ၁၂ နှစ်အရွယ် မသန်စွမ်းကောင်မလေးရဲ့မိခင်ဖြစ်သူကို ကူညီပေးနေပါတယ်။ အသက် ၄၇ နှစ်အရွယ် ကိတ်ဝင်းစလက်က ကာရိုလင် ဟန်တာဆိုတဲ့ အဲဒီအမျိုးသမီးကို ဒေါ်လာ ၂၀၀၀၀ လှူဒါန်းခဲ့တာပါ။…